Part - 15

5.5K 559 39
                                    

" ကိုကို့မွေးနေ့ ? "

" ဟုတ်တယ် ... မနက်ဖြန် ကိုကို့မွေးနေ့လေ .. အဲ့တာ ဝက်ဝံလေးလာခဲ့နော် "

" လူတွေများမှာလားဟင် "

" မများပါဘူး ဝက်ဝံလေးရဲ့ ... ကိုကို့ မိဘရယ် Jimin ရယ် JungKook ရယ် ဝက်ဝံလေးရယ်ပဲ ဖိတ်ထားတာ ... ကိုကိုက သူငယ်ချင်းတော့မရှိဘူး ... အဲ့တော့ အရမ်းရင်းနှီးတဲ့သူတွေပဲ ဖိတ်တာ "

" အာ ... အဲ့လိုကိုး "

" လာခဲ့နော် ဝက်ဝံလေး "

" Tae Tae လာခဲ့ပါ့မယ် "

" JungKook ကိုပါဖိတ်ထားတယ်ဆိုတော့ JungKook နဲ့အတူတူ လာခဲ့နော် ဝက်ဝံလေး "

" Darling နှင့်အတူတူ လာခဲ့ပါ့မယ် ကိုကို "

ဆေးလိပ် ထိုင်သောက်နေသည့် darlingကို အနောက်ကနေ မျက်လုံးကို လက်ဖြင့်ပိတ်လိုက်ပြီး

" အဖြေမှန် နှစ်ခုထဲက တစ်ခုကို ရွေးချယ်ပါ "

" ဘာတွေအရူးထနေပြန်ပြီလဲ ရုပ်ဆိုးလေး "

" အခု မျက်လုံးကိုပိတ်ထားတဲ့ သူဟာ ပျားရည်အိုးကြီးရဲ့ ဝက်ဝံလုံးလေးလား ? ဒါမှမဟုတ် darling ရဲ့ babyလုံးလေးပါလား ? "

ကျွန်တော့်မေးခွန်းကို darling ဟာ ရယ်၏။

" ဖြေလို့ "

" Jeon JungKook ရဲ့ ရုပ်ဆိုးလေးပါဗျ "

ထွက်ပေါ်လာတဲ့ ခိုးခိုးခစ်ခစ် ရယ်သံလေး။

မျက်စိရှေ့ကို ရောက်လာပြီး ပေါင်ပေါ် ခပ်တည်တည် ဝင်ထိုင်ပစ်လိုက်တာ အမောင်ဝက်ဝံလုံးတို့က ...

မသိရင် ကျွန်တော့်ပေါင်က သူ့ sofaကျနေတာပဲ။

" Darling က မကောင်းဘူး "

" ဟော ... ဟိုတ‌လောကကျတော့ ပျားရည်အိုးကြီးကို ချဉ်ခြင်းတက်တယ်ဆို ? အခုကျတော့ မကောင်းဘူးတဲ့လား ဝက်ဝံလုံး ? "

" Darling က စကားအရမ်းတတ်တယ် ... ဝက်ဝံလုံးလေး ရွေးခိုင်းတာကို မရွေးပဲ တခြားအဖြေကို ဖြေတယ် "

" မတူလို့လား ? 3ခုလုံးက မင်းပဲလေ "

" အဲ့တာတော့ ဟုတ်တယ် "

Darling ဟာ ကျွန်တော့်လည်ပင်းကို ဖိကပ်နမ်းလာ၏။

" Darling "

Heather's Heartbreak Anniversary✓Where stories live. Discover now