Part - 17

5.6K 543 47
                                    

" Heather ညက ဖုန်းဆက်ပြောတဲ့ စကားက တကယ်လား? တကယ်လား Heather? "

" တကယ်ပါ ... ငါမင်းကို ချစ်တယ် "

" Yes !! Yes !! "

လက်သီးလက်မောင်းတန်းကာ မြူးကြွနေတဲ့ JungKook ကိုကြည့်ပြီး ဝက်ဝံလေးအပေါ် အပြစ်ရှိစိတ်က ပိုပိုပြီး ကြီးထွားလာခဲ့သည်။

" ဒါပေမယ့် တစ်ခုတော့ရှိတယ် "

" ဘာလဲ Heather? မောင့်ကို ပြောလေ "

" ဝက်ဝံလေး "

" Kim TaeHyung ကို မောင် အခုပဲ သွား ဖြတ်လိုက်မယ် Heather "

" မဟုတ်ဘူး .. ငါတို့တွဲတာကို ဘယ်သူမှ မသိစေနဲ့! "

သူက အလိုမကျသလို မျက်မှောင်ကျုံ့လာပြီး

" ဘာလို့လဲ? "

" အော ... ငါတို့နှစ်ယောက်တွဲတာကို လူအများအာရုံစိုက်တာကို မလိုချင်ဘူး ... အချိန်တန်မှ ပြောကြမယ်လေ မောင်ရယ် "

" အင်း .. အင်း .. မောင့် Heather လေး သဘော "

" အထူးသဖြင့် ဝက်ဝံလေး နဲ့ Jimin ပိုလို့ကို မသိစေပါနဲ့ "

" ဘာဖြစ်ပြန်ပြီလဲ ? "

" သူတို့သိသွားလို့ မောင့်ကို လာရန်ရှာမှာဆိုးလို့ပါ ... ငါက စိုးရိမ်လို့လေ "

" မောင် နားလည်ပြီ Heather "

" အင်း "

" ဝက်ဝံလေးကိုလည်း မဖြတ်ပါနဲ့ ... သူက မင်းကို ချစ်နေတာလေ ... ငါ့ကြောင့် သူ့ကို ဖြတ်လိုက်ရင် ဝက်ဝံလေး နာကျင်လိမ့်မယ် .. မင်း သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါ "

" မောင့် Heather ကကွာ တအား စိတ်ထားကောင်းလွန်းတာပဲ ... တခြားသူဘက်ကိုပဲ အမြဲကြည့်ပေးတဲ့ စိတ်ထားဖြူစင်တဲ့ ကောင်လေး "

Heather ကို ဖက်ထားရင်း စိတ်ထဲရောက်မိတာက Kim TaeHyung ...

Kim TaeHyung မှာ ကျွန်တော်နှင့်ရတဲ့ ကိုယ်ဝန်ရှိနေတာကို Heather သိသွားရင် မုန်းသွားလိမ့်မယ်။

Heather မသိအောင် ဖုံးကွယ်ထားရမယ် မဟုတ်လား?

Heather နဲ့ မဝေးချင်ဘူး။ဒါကြောင့် Heather မသိအောင် မရရအောင်ကို ဖုံးကွယ်ထားရမယ်။

Heather's Heartbreak Anniversary✓Where stories live. Discover now