" လက်ကို လွှတ်ပေးပါ Jeon JungKook "
" ဘာ ? မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ် ? "
" ကျွန်တော်က Jeon JungKook ချစ်သူ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော့် သူငယ်ချင်းကို ပြဿနာမရှာပါနဲ့ Jeon JungKook "
Darling ဆွဲထားသည့် လက်ကို ဆွဲဖြုတ်ကာ Jimin လက်မောင်းကို ချိတ်ပစ်လိုက်သည်။
darling ဟာ ကျွန်တော့်လို ရုပ်ဆိုးတစ်ယောက်ရဲ့ ချစ်သူဆိုပြီး လူတွေပြောမှာ မလိုလားပါ။
Darling နာမည်ပျက်မှာကို မလိုလားပေ။
" တောက် !! "
Kim TaeHyung မင်းက ငါ့ကို အခု ဘယ်လိုဆက်ဆံသွားတာလဲ ?
ငါ့ကို ငမ်းငမ်းတက်ဖြစ်နေတဲ့ မင်းက အခု Park Jimin ကို ရွေးချယ်သွားတယ်ပေါ့ ?
မင်းပြောတဲ့ ငါ့ကို ချစ်တယ်ဆိုတာ ဒါလား ?
" ကိုယ်နဲ့ အတူ တွဲကမလား Tae ? "
" အင်း "
Party အတွင်း ထွက်ပေါ်လာတဲ့ တီးလုံးသံကြောင့် အတွဲကိုယ်စီဖြင့် ကကြတော့သည်။
" Tae "
" ဟင် "
Jimin က ကျွန်တော့် နားရွက်အနားကို တိုးကာ
" မင်း ဒီနေ့ သိပ်လှနေတယ် "
" ငါက? "
" အင်း "
" ငါက ရုပ်ဆိုးတဲ့ဟာကို Jimin ရယ် "
" မင်း ရုပ်မဆိုးတာကို ပွဲထဲက လူတွေက ပြောပြနေတယ် "
Jimin က မျက်စပစ်ပြတာကြောင့် ပွဲထဲက လူတွေကို ကြည့်လိုက်တော့ ကျွန်တော့်ကိုသာ ငေးကြည့်နေကြ၏။
" အဲ့တာ မင်း သိပ်လှလို့ ကြည့်နေကြတာ ... အနုပညာကျောင်းရဲ့ ရုပ်ဆိုးလို့ သတ်မှတ်ထားတဲ့ မင်းက အခုလို အလှတရားလေးဖြစ်နေတော့ သိပ်ကို အံ့ဩနေကြတာလေ "
" Darling ကပြောတယ် ... ငါက ကိုကို့ကိုတောင် မမှီဘူးတဲ့။ ငါက သိပ်ရုပ်ဆိုးပြီး ပုံတုံးတယ်တဲ့ "
" အလကား ... အဲ့ကောင် လျှောက်ပြောနေတာ ... မင်းကသာ အလှဆုံး ၊ အချောဆုံး ... အခု ပွဲက လူတွေကို လိုက်မေးကြည့် ... Kim TaeHyung နှင့် Heather Kim ဘယ်သူလှလဲ မေးရင် Kim TaeHyung လှတယ်ပဲ ဖြေကြမှာ "
YOU ARE READING
Heather's Heartbreak Anniversary✓
RomanceKim Seok Jin & Park Jimin & Kim TaeHyung & Jeon JungKook KookV , VMin , Vminkook