" အာ့! "
ထိုးရပ်သွားသည့် ကား။
ကားပေါ်ကနေ ဦးလေးကြီး တစ်ယောက်က ဆင်းလာပြီး
" ကောင်လေး အဆင်ပြေရဲ့လား ? ဘယ်နားထိသွားလဲ ? "
ထို လူကြီးက ကျွန်တော့်ဘေးနား ထိုင်ချလာကာ ခြေထောက်ကို ကြည့်လာ၏။
" မင်း ခြေထောက်ထိသွားတယ်ထင်တယ် ကောင်လေး "
" ဟုတ်ကဲ့ "
" ဦး ဆေးရုံလိုက်ပို့ပေးမယ် "
" ရပါတယ် ... အိမ်ပြန်ရောက်တဲ့အခါ မာမားက ဆေးလိမ်းပေးရင် ပျောက်သွားမှာပါ "
" မဟုတ်တာကွာ "
ထို ဦးလေးကြီးက ကျွန်တော့်ကို ပွေ့ ချီပြီး ကားပေါ် ခေါ်လာ၏။
" ဟင့်အင်း "
ကျွန်တော်က ရုန်းတော့ ထို လူကြီးက
" ဘာဖြစ်လို့လဲ ကောင်လေး ? "
" မာမားက ကိုယ်နဲ့ မသိတဲ့ လူစိမ်းတွေအနောက် မလိုက်ရဘူးလို့ ပြောထားပါတယ် ... ညာပြီး ဖမ်းခေါ်သွားတတ်တာကြောင့် လူစိမ်းတွေနဲ့ မလိုက်ရဘူးလို့ ပြောပါတယ် ... ဒါကြောင့် အဲ့ဘက်က ဦးလေးကြီး နဲ့ ကျွန်တော် လိုက်လို့မဖြစ်ပါဘူး "
ကျွန်တော့်စကားကို ထို ဦးလေးကြီးက ရယ်၏။
" ဦး နာမည်က Kim TaeHo ... အလုပ်အကိုင်က စီးပွားရေး။ သား နဲ့ မိန်းမ ရှိတယ် "
" Kim TaeHo ? "
" ဟုတ်ပါတယ်ခင်ဗျ "
" ကျွန်တော့် ပါပါး နာမည်နဲ့ တူတယ် "
" ဟုတ်လား ? "
" ဟုတ်တယ် "
" ကောင်လေး နာမည်ကိုလည်း ပြောပါဦး "
" ကျွန်တော့်နာမည်က Kim TaeHyung လို့ ခေါ်ပါတယ် ... အသက်က 23နှစ်ပါ ... Ballet major မှာ တက်ရောက်နေပါတယ် ...ပါပါး နာမည်က Kim TaeHo လို့ ခေါ်ပြီး မာမား နာမည်က Harmony Simon လို့ ခေါ်ပါတယ် ...ကျွန်တော်က French - Korean ကပြားပါ "
" Hey ... ကောင်လေး ရဲ့ မာမား နာမည်က ဦးရဲ့ မိန်းမ နာမည်နဲ့ တူတယ် "
" တကယ် ? "
" တကယ်ဗျာ "
" တိုက်ဆိုင်လိုက်တာ "
YOU ARE READING
Heather's Heartbreak Anniversary✓
Storie d'amoreKim Seok Jin & Park Jimin & Kim TaeHyung & Jeon JungKook KookV , VMin , Vminkook