Part - 18

5.6K 560 73
                                    

အိပ်ယာပေါ် ခွေခွေလေးလှဲနေမိကာ darling ၏ အင်္ကျီတစ်ထည်ကို ရင်ခွင်ထဲ ပိုက်ထားမိ၏။

အခု လိုချင်နေမိတာက darling ကိုယ်ငွေ့ ကိုပဲ။

ကလေးရှိလာတော့ အရင်ကထက် darling ကို ပိုပြီးကပ်နေမိသလို ချွဲချင်နေမိသည်။

ဒါပေမယ့် darling ဟာ အနားမှာရှိမနေ။

" JK တော်တော့! မင်းများနေပြီ "

" ဖယ်စမ်း Yugyeom ! ငါ့ကို လာမတားနဲ့ "

" မင်းရောက်ကတည်းက အရက်တွေပဲ ထိုင်သောက်နေလို့ တားနေရတာ !! "

" လာမတားနဲ့ကွာ ! ငါ့ပါးစပ်နဲ့ ငါသောက်တာဘာဖြစ်လဲ ? "

" ... "

" Mingyu! ငါ့ကို ကောင်မလေးချောချော တစ်ယောက် ခေါ်ပေးစမ်းကွာ "

" JK မင်း ဘာဖြစ်နေတာလဲ? "

" ငါဘာဖြစ်ဖြစ် Mingyu ရာ ကောင်မလေးတစ်ယောက်သာ ခေါ်ပေး ! ဒါမှ Kim TaeHyung ကို မေ့မှာ ! "

" TaeHyung Kim နဲ့ ဘာဖြစ်လာတာလဲ ? "

" ကျစ်! စောက်စကားတွေများတယ် !! ငါခိုင်းတာကိုသာ လုပ်ပေးစမ်းပါ !! "

အိပ်နေရင်းကနေ ဝင်လာတဲ့ ဖုန်းကြောင့် ကောက်ကိုင်လိုက်တော့ darling ဖြစ်နေ၏။

" Darling! Darling ဘယ်တွေသွားနေတာလဲ ? ဝက်ဝံလုံးလေး စိတ်ပူနေတယ်လေ "

" TaeHyung Kim "

" Darling လည်းမဟုတ်ဘူး "

" ငါ Mingyu "

" Darling ရောဟင် "

" မင်း အခု club ကို လာခဲ့မှဖြစ်မယ် "

" Club? "

" မင်း ရည်းစား အမြဲလာနေကျ club "

" Darling ဘာဖြစ်လို့လဲဟင် "

" မင်း လင်ကို ငါတို့ မထိန်းနိုင်တော့ဘူးဟ ! အမြန် လာထိန်းဦး ! လွန်လွန်ကြူးကြူးတွေ ဖြစ်ကုန်တော့မယ် "

" ကျွန်တော် ‌အခုပဲ လာခဲ့ပါ့မယ် "

" တစ်ယောက်ယောက် ခေါ်ပြီး လာခဲ့နော် TaeHyung Kim... မင်းတစ်ယောက်တည်း မလာခဲ့နဲ့ .. အန္တရာယ်များတယ် "

ဆွယ်တာအပွကို အပေါ်ကနေ ထပ်ဝတ်ကာ ပိုက်ဆံနှင့် ဖုန်းကို လက်ကနေ ကျစ်နေအောင် ဆုပ်ကိုင်ပြီး အမြန်ထွက်လာရတော့တယ်။

Heather's Heartbreak Anniversary✓Where stories live. Discover now