Part - 6

5.3K 562 26
                                    

" Park Jimin!!! "

အိမ်ထဲဝင်လာတာနဲ့ ကြားလိုက်ရတဲ့ ဝန်ကြီးချုပ်ရဲ့ အသံ။

အမြဲ အိမ်မှာ မရှိတဲ့သူက ဒီနေ့ကျတော့ အိမ်မှာရှိနေတာပဲ။

" ဘာလဲ ပြော "

Sofa ပေါ် ခပ်လျောလျောဝင်ထိုင်ကာ မေးလိုက်တော့

" JungKook နဲ့ ရန်ဖြစ်တယ်ဆို "

" သတင်းပေးတွေက မြန်လိုက်တာကွာ "

" JungKook နဲ့ အဆင်ပြေပြေနေစမ်းပါ Jiminရယ် "

" အဆင်ပြေပြေ နေချင်စိတ်မရှိဘူး ... အဲ့ကောင်မျက်နှာကို မြင်တာနဲ့ ဆွဲထိုးချင်စိတ်ပဲ ရှိတယ် "

" Park Jimin!!! "

" ကျစ် ! တအားနားငြီးတာပဲ ... ဝန်ကြီးချုပ် အရင်က ပစ်ထားသလိုမျိုး ပစ်ထားလိုက်စမ်းပါ ... မယားပါသားကိုသာ ဂရုစိုက်ပေးလိုက် ! "

Sofa ကို ဆောင့်ကန်ကာ အပေါ်ကို တက်လာတော့ အနောက်က ဝန်ကြီးချုပ်ရဲ့  တောက်ခေါက်သံက ထွက်လာတယ်။

မယားပါသားကို ဂရုစိုက်ပေးသလိုမျိုး ကျွန်တော့်ကိုသာ ဂရုစိုက်ပေးရင် ဘယ်လောက်ကောင်းမလဲ အဖေ ?

" မာမား "

" Oh ! Baby .. ကျောင်းသွားမလို့လား ? "

" ဟုတ်ကဲ့ မာမား "

" မျက်နှာက အပူလောင်ထားတာ အဆင်ပြေရဲ့လား ? ကျောင်းမသွားပါနဲ့လား baby "

" ရတယ် မာမား ... ယောင်နေရုံပါ ... Mask တပ်သွားမလို့ မာမားရဲ့ "

မာမားက ပါးကို ဖွဖွလေး နမ်းလာကာ

" ချစ်တယ်နော် baby "

" Tae Tae လည်း အများကြီး ချစ်တယ် "

မာမားက မုန့်ဘူးနှင့် ထမင်းဘူးကို လက်ကိုင်ပုဝါလှလှလေးဖြင့် ထုပ်ပေးလာပြီး banana milk ကိုပါ ထည့်ပေးကာ

" Baby ရဲ့ ပိုးပန်းမယ့် banana milk "

" မာမားကလည်း "

" Baby ရဲ့ Jeon ကို banana milk နဲ့ ပိုးပန်းမယ်ပေါ့ ? ဟုတ်လား baby "

" အာ ... မာမား Tae Tae ကို မစပါနဲ့တော့ ... Tae Tae ရှက်လာပြီ "

" ဟုတ်ပါပြီ ..ဒါနဲ့ ဝက်ဝံလေးက ပျားရည်မရှာပဲ banana milk ရှာနေပြီပေါ့ "

Heather's Heartbreak Anniversary✓Where stories live. Discover now