Part - 23

7.1K 598 69
                                    

တဟားဟား အော်ရယ်ကာ အိပ်ခန်းထဲ ခုန်ပေါက်နေမိသည်။

" နောက်ဆုံးတော့ ငါ့ညီနဲ့ ပြတ်လို့ သွားပြီပဲ Jeon JungKook "

အခုလို ပြတ်အောင်ပဲ အကွက်ကျကျ တမင်စီစဉ်ထားခဲ့တာပဲလေ။

စားပွဲအံဆွဲထဲက ဝက်ဝံလေး ဘွဲ့ယူတုန်းက အတူတူရိုက်ထားတဲ့ ဓာတ်ပုံကို ထုတ်လိုက်ကာ

" ကိုကိုက အခု မင်းနှလုံးသားထဲက ဒဏ်ရာကို ဖယ်ရှားပေးလိုက်ပြီ ... မင်း အခုကစပြီး ပျော်ပျော်နေတော့။ Jimin က ဝက်ဝံလေးကို ပျော်ရွှင်မှုတွေ ပေးလိမ့်မယ် "

အစက Jeon JungKook ကို မုန်းတဲ့စိတ်ရှိမနေခဲ့။ ဝက်ဝံလေးအပေါ် လုပ်ရပ်တွေကို ကြည့်ပြီး အမြင်ကပ်လာတာ။ မုန်းလာတော့တာ။

Min ကို မုန်းလို့ဆိုပြီး အပြစ်မရှိတဲ့ ကျွန်တော့်ညီလေးကို ဆွဲသွင်းတယ်။ ကျွန်တော့်ညီကပဲ အမြဲနာကျင်နေရတယ်။

ဒါကြောင့် ဝက်ဝံလေးနဲ့ ပြတ်အောင်လုပ်ဖို့ အခွင့်အရေးကို စောင့်နေခဲ့တာ။ JungKook က လမ်းခွဲရင်တောင် Heather လေးက တွယ်ကပ်နေလို့ အစီအစဉ်တွေက ဖြစ်မလာခဲ့တာ။

အခုတော့ ဖြစ်စေချင်သလို ဖြစ်သွားပြီ။

" ကိုကို့ကို မုန်းလို့ရတယ် ... ကိုကိုက မင်းကစားခံနေရတာကို သိနေလို့ ကစားပွဲကို အဆုံးသတ်ပေးလိုက်တာ .. ဝက်ဝံလေး မုန်းလည်း ကိုကို ခံပါ့မယ် "

" ကိုယ့်နှလုံးသားက တစ်ကယ်ချစ်တဲ့သူဟာ ဘယ်သူမှန်း မသိတဲ့ Jeon JungKook ကသာ ရူးနေတာမလား ? တကယ် အတဲ့သူက Jeon JungKook ပဲလေ "

" ကိုယ်ချစ်ရသူကို ဆုံးရှုံးရတဲ့ ခံစားချက်က ဘယ်လိုဆိုတာကို Jeon JungKook ကို ခံစားကြည့်စေချင်ခဲ့တာ ... Jeon JungKook ကို လက်ထပ်ပြီး ချစ်ရသူကို ဆုံးရှုံးပြီး ရှင်လျက်နဲ့ သေတဲ့ဘဝကို ပေးချင်တာ ... ဒါမှ ကိုကို့ဝက်ဝံလေး ခံစားချက်ကို သူ နားလည်မှာလေ "

ကိုကို့လုပ်ရပ်က မတရားလည်း ဒါဟာ ဝက်ဝံလေးအတွက်ကြောင့် လုပ်ရတာပါပဲ။

ကိုကိုက မင်းကို နာကျင်စေရတဲ့ ဘယ်အရာမျိုးကိုမဆို ဖယ်ရှားပေးမှာ။

ဒါဟာ မင်းနေရာမှာ ဝင်နေရာယူပြီး အဖေ့အချစ်တွေကို လုယူထားတဲ့ အပြစ်ကြွေးကို ပြန်‌ပေးဆပ်တဲ့သဘောပါ ကိုကို့ဝက်ဝံလေးရေ။

Heather's Heartbreak Anniversary✓Where stories live. Discover now