Unicode~
လူဝီဗီးလ်မှာ Kim Taehyung မရောက်ဖူးသည့်နေရာဆိုတာ မရှိသလောက်။
ဈေးကြီးပေးပြီးဝင်ထွက်သွားလာရသော ဇိမ်ခံနေရာများမှအစ လမ်းဘေးခွေးတောင်မနေချင်သော လမ်းကြိုလမ်းကြားအထိ သူက နှံ့နှံ့စပ်စပ်ရှိသူ။သူ့ကို သူဌေးမင်းJeonက ဘယ်မသွားရ ဘယ်မလာရဟူသဖြင့် မကန့်သတ်ထား။ သို့တိုင်အောင် တစ်ခါတစ်ရံ အရိပ်လို ခပ်ဝေးဝေးက လိုက်လံစောင့်ကြည့်နေသော အငွေ့အသက်များကို သူခံစားမိသည်။ ယနေ့တော့ မည်သည်ကိုမျှ မခံစားရ၊ ဒါက သူ့ကို အသက်ရှူချောင်စေသလို သူ့အတွက် ရှားပါးအခွင့်အရေးဆိုလည်း မမှား။
မရသည့်တိုင် ထပ်ပြီးကြိုးစားကြည့်ချင်သေးသည်။ ထွက်ပြေးကြည့်ရအောင်.. နောက်တစ်ခေါက်ပေါ့။
တက္ကစီတစ်စီးငှားလိုက်ပြီး လူဝီဗီးလ်ဘူတာရုံကို သူရောက်လာသည်။ အချိန်ပိုမနေသည့်အတွက် လက်မှတ်ရုံကို အားချင်းပြေးရသည်။ စည်းကမ်းအရ တန်းစီးရမည်ဖြစ်သော်လည်း သူကတော့ ရှေ့ကလူတွေကို တွန်းတွန်းတိုက်တိုက်ကျော်တက်လိုက်သည်။
"ဟေ့.. တန်းစီးရမယ်ဆိုတာ နားမလည်ဘူးလား"
"ကျစ်! ဘယ်က ကလေကချေကောင်လဲကွာ"
"ဟ! ဒီလိုစည်းမဲ့ကမ်းမဲ့တွေရှိတုန်းလား"
လူတွေက သူ့ကိုအမျိုးမျိုး ဆဲရေးတိုင်းထွာလို့။ မတတ်နိုင်.. တစ်ကြိမ်လောက်အဆဲခံရတာ သူ့အသားပဲ့ပါသွားတာမှ မဟုတ်။ လောလောဆယ် သူ့မှာ သည်မြို့က ထွက်ပြေးဖို့သာ ဆန္ဒရှိသည်။
အခုဆဲနေတဲ့လူတွေကလည်း သူ့ဘဝမှာ နောက်တစ်ခါ ထပ်ဆုံရမည့်သူတွေမဟုတ်။ ဆဲချင်သလောက်ဆဲပြီး ထင်ချင်သလိုထင်.. သူ့မှာ Jeon JungKookဆိုတဲ့ ငရဲတွင်းက လွတ်မြောက်ရန်ကလွဲလို့ ကျန်တာ ခေါင်းထဲမထည့်နိုင်ပါ။
လက်ထပ်ဖို့အထိ အမိန့်ပေးခံထားရတာကို ပြန်တွေးမိတော့ သူ့ကိုယ်သူတောင် ရွံရှာမိသည်အထိ။ Jeon JungKookရဲ့ အိမ်ထောင်ဖက်က်ဖြစ်မည်ဆိုမှတော့ ရွံစရာသတ္တဝါနဲ့ ဘာများခြားနားဦးမလဲ။"ဘယ်သွားမှာလဲ"
"အခု ပထမဆုံးထွက်မှာ ဘာရထားလဲ"
YOU ARE READING
𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧
FanfictionCold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella abstract after all. Countless times of being an escapee, you never feel sick of it. There's no way I can feel relieved whether you are with...