Part 3

4.4K 534 37
                                    

Unicode~

"ခင်ဗျား ငို​နေတာလား"

"ခရီးပန်းလာတယ်မလား။ သွားနားလိုက်​တော့​လေ"

Taehyung မကြိုက်တာ အဲ့တာ​တွေ​ပေါ့..။ သူ​ပြောလိုက်တိုင်း Jeon JungKookရဲ့ တုံ့ပြန်မှုက တည့်တည့်မလာ။ သူ​မေးတာတခြား၊ ​ဖြေတာတခြား။
သူမကြိုက်တာ​တွေချည်း ​ရွေးလုပ်​နေသလား မှတ်ရ​အောင် စိတ်ယားဖို့​ကောင်းသည်။

သူ့ဘက်က မဆိုစ​လောက်​လေး ဂရုစိုက်​ပေးချင်တာ​တောင် သူ​ဌေးမင်းကြီးဘက်က အဲ့လိုဆိုမှ​တော့ ဗိုလ်​နေမြဲ ကျား​နေမြဲအတိုင်း စိမ်းစိမ်းကားကား​နေကြတာသာ အ​ကောင်းဆုံး။

"ခင်ဗျားအဆင်​ပြေရင် ပြီးတာပဲ"

"​အဟင်း.. ​နောက်အပတ်လက်ထပ်ပွဲအတွက် ကိုယ်အဆင်သင့်ပြင်ထားလိုက်မယ်"

​ပြောချင်ရာ​ပြောပြီးသာ လှည့်ထွက်ခဲ့သည့် Jeon JungKook. ကျထားသည့် မျက်ရည်စီး​ကြောင်းများကို အိပ်ခန်းထဲ​ရောက်မှ သုတ်ရသည့်အဖြစ်။
သူ့မျက်ရည်​တွေကို Taehyung မြင်သွားခဲ့တာလား။ ရှက်ဖို့​ကောင်းလိုက်တာ..။ အားနည်းမှု​တွေကို ထုတ်အပြချင်ဘူးဆိုကာမှ ​ပေါ်​ပေါ်ထင်ထင်ပြမိသည့် သူ့အဖြစ်။

အခန်းထဲက မီးလင်းဖိုကို မီး​မွေးလိုက်သည်။ သူ့တစ်ကိုယ်လုံး ခိုက်ခိုက်တုန်​အောင် ချမ်း​နေဆဲ။ လူဝီဗီးလ်မြို့အဝင်မှာ မိုးမိသွားသည့်အတွက် အိမ်​ရောက်စကဆို သူ့တစ်ကိုယ်လုံး ရွှဲရွှဲစိုလို့။ ရုတ်တရက်စီစဥ်ရ​သော အပြန်ခရီးမှာ ကံဆိုးစွာပင် ငှားလို့ရတဲ့ကားက မိုးပွင့်ကားဆို​တော့ သူဘာမှမတတ်နိုင်။ အိမ်​ရောက်​ရောက်ချင်း အ၀တ်အစားအမြန်လဲပြီး ​ခေါင်း​ခြောက်​အောင်သုတ်ထားလို့သာ ဟန်မပျက်ဖြစ်​နေတာ။

သူ့​ခေါင်းက ​နောက်ချင်သလိုလို။ ကိုယ့်နဖူးကိုယ်ပြန်စမ်း​တော့ အပူချိန်​ခပ်​နွေး​နွေး။ အဖျားရှိ​နေတာက ​သေချာသ​လောက်။ သည်အချိန်မှာ​တော့ မိသားစုဆရာဝန်​လည်း နိုး​လောက်မှာမဟုတ်သဖြင့် အ​ရေး​ပေါ်​​ဆောင်ထား​သောအဖျားကျ​ဆေးကိုသာ ​သောက်လိုက်ရသည်။

သူ့စိတ်အ​ခြေအ​နေက သိပ်​ကောင်းလှသည်မဟုတ်။ ဖြစ်နိုင်လျှင် Taehyungအခန်းကို လိုက်သွားချင်သည်။ ကိုယ့်အ​ပေါ် ခါးသီးလွန်း​သော်လည်း  Taehyung​ဘေးနားရှိ​​နေရုံဖြင့်ပင် သူ့မှာ စိတ်တည်ငြိမ်ရပါ၏။
အဖျားရှိန်တက်စဖြစ်​နေ​သော သည်ခန္ဓါကို သယ်လျက်​တော့ မသွားလိုပါ။ မ​တော်တဆ အဖျားကူးသွားမှာ စိုးရသည် မဟုတ်ပါလား။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now