Unicode~
"Taehyungလေးကို ကျွန်တော့်အတွက် ပေးထားခဲ့ပါ"
တစ်နှစ်သားအရွယ် ကလေးလေးက သူ့လက်ထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့၏။ တွန့်ချိုးနေသော စင်ရော်တောင်မျက်ခုံးတစ်စုံ၊ နှာတံစင်းစင်း၊ နှုတ်ခမ်းရဲရဲ.. ကလေးတစ်ယောက်က ရုပ်ရည်သွင်ပြင်လက္ခဏာအတိအကျနဲ့ မြတ်နိုးမွှေးကြူချင်စရာအတိ။
Taehyungလေးရဲ့အဖေ Mr. Kimက မော်စကိုမှာ အလုပ်ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့အကြောင်းကို ကြားလျှင်ကြားချင်း သူ့ခမျာ တုန်လှုပ်သွားရတာ။ ဒါဟာ သူတောင်းဆိုသင့်သည့်ကိစ္စမဟုတ်ဘူးဆိုသော်လည်း တောင်းဆိုမိသွားသည်။
Taehyungလေးကို သူတစ်သက်လုံး စောင့်ရှောက်ပေးနိုင်သည်။ အမြင့်ဆုံးရောက်အောင်လည်း တွန်းပို့နိုင်သည်။ လိုတရဘ၀မှာလည်း ထားနိုင်သည်။
သည်အတိုင်း သူ့အပိုင်လေးဖြစ်နေပေးရင်ကို ကျေနပ်နိုင်ပြီလေ။"သခင်လေးတွေ့ချင်ရင် မော်စကိုလိုက်လာလို့ ရသားပဲ။ ကျွန်တော် လိပ်စာလည်း ပေးသွားမယ်လေ"
"ဟင့်အင်း..ကျွန်တော်က Taehyungကို အပိုင်လိုချင်တာ။ တစ်သက်လုံးစောင့်ရှောက်မယ်လို့ ကတိပေးတယ်လေ"
"အဲ့တာကတော့ သခင်လေးရယ်။ Taehyungလေးက အရမ်းငယ်သေးတယ်မဟုတ်လား။ မိဘနဲ့ခွဲဖို့ မကောင်းသေးဘူးလေ"
JungKook မျက်နှာက သိသိသာသာ ညှိုးငယ်သွားသည်။ ထို့နောက်မျက်ခုံးနှစ်ဖက် တွန့်ချိုးလာသည်။
အခု သူ့ကို အငြင်းစကားပြောလိုက်တာလား။ Jeon JungKookဘဝမှာ မရဘူးဆိုတာမရှိဘူးလေ.. ဒါကို Mr. Kim မသိရော့သလား။Kim Taehyungက သူ့အတွက်၊ သူ့အရုပ်၊ သူ့အပိုင်။ သူရအောင်ယူမှာ။ ဘယ်လိုနည်းနဲ့ပဲ သုံးရသုံးရ။ သူလိုချင်လို့မရဘူးဆိုတာ နောင်ဆယ်ဘ၀အထိ မဖြစ်လာစေရဘူး။
"အခုတောင် Taehyungက ကျွန်တော်တို့ခြံက နွားနို့နဲ့ ကြီးလာရသူပါ။ ဦးလေးKimထက် ကျွန်တော်က သူ့ကို ပိုပံ့ပိုးနိုင်တယ်"
Mr. Kimမျက်နှာပေါ် သိမ်ငယ်မှုတနင့်တပိုးဖြတ်သန်းသွားသည်။ သူက အညတြမုဆိုးဖိုတစ်ယောက်။ Taehyungလေးက Jeonစံအိမ်အပိုင်မွေးမြူရေးခြံတွေထဲကနွားနို့ကိုသောက်ပြီး တစ်နှစ်ပတ်လုံး နေနေခဲ့တာ။ ဒါတွေကလည်း သခင်လေး အမိန့်ကြောင့်။
YOU ARE READING
𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧
FanfictionCold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella abstract after all. Countless times of being an escapee, you never feel sick of it. There's no way I can feel relieved whether you are with...