Part 32

4.4K 478 59
                                    

Unicode~

​နေမြင့်ချိန်​ရောက်​တော့ ဆရာ၀န်​ရောက်လာပြီး ချုပ်ရိုးကို စစ်​ဆေး​ပေးသည်။ ပတ်တီးအသစ်လဲ​ပေးပြီး လူနာကို သက်​တောင့်သက်သာရှိ​စေမည့်အ​နေအထား ​ပြောင်း​ပေးသည်။

"သတိရဖို့ ကြာဦးမှာလား ​ဒေါက်တာ"

"အဲ့တာ​တော့ ​ပြောဖို့ခက်တယ်ဗျ။ သတိ​တော့ ရလာပါလိမ့်မယ်.. အ​နှေးနဲ့ အမြန်​ပေါ့"

အလျင်လို အ​နှေးဖြစ်ဆိုတာ ဒါမျိုးထင်ပါရဲ့။ သတိရချင်လှပါပြီဆိုကာမှ ခင်​ဗျားက အိပ်များ​နေ​ရော့သလား။

Jeon JungKookမျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ​မွေးညှင်း​ပေါက်​လေး​တွေကအစ ​ရေတွက်​နေမိ​တော့သည်။ ​ရေတွက်လို့ ကုန်သွားတဲ့အခါ သူနိုးထလာမလားဆိုတဲ့ ​မျှော်​လင့်ချက်က တစ်စွန်းတစ်စ ပါဝင်သည်။

"အရမ်းစိတ်မပူပါနဲ့။ သူ​ဌေးမင်းက သန်မာပါတယ်။ အမြန်ဆုံးသတိရလာမှာပါ"

ဆရာဝန်​လေးက သူ့ကို နှစ်သိမ့်​ပေး​နေ​ပေမဲ့ သူက​တော့ တုံ့ပြန်စကားမဆိုနိုင်၊ တာဝန်ဝတ္တရားအရသာ ပြုံးပြ​​လေ၏။

ညွှန်ကြားစရာရှိသည်တို့ကို ညွှန်ကြားပြီး ဆရာဝန်ပြန်​သွား​တော့ Audieက အခန်းထဲဝင်လာသည်။ သူ​ဌေးမင်းကို ကြည့်ဖို့ရာသက်သက် ဝင်လာခြင်း။
အခုအ​​ခြေအ​နေမှာ ဘာမှမခိုင်းသင့်ဘူးဆိုတာ သိ​သော်လည်း သူ့ကိုယ်သူ မထိန်းလိုက်နိုင်။

"Audie.. ငါ့ကို တစ်ခု ကူညီ​ပေးမလား"

"ဟုတ်ကဲ့.. ဘာခိုင်းစရာရှိလို့လဲ"

"ဆိုဗီယက်ကို လူလွှတ်လိုက်။ အဲ့မှာ Antonကို ရှာဖို့ ခက်မှာမဟုတ်ဘူးထင်တယ်"

"သခင်​လေးက သူ့ကို ဘာလုပ်​စေချင်လို့လဲ"

"ဒုက္ခိတဖြစ်သွား​အောင် လုပ်ခဲ့"

သတ်ချင်​လောက်တဲ့အထိ ရွံသွား​​ပေမဲ့ ​သေသွားတာက လွယ်ကူလွန်းလို့။ ကျန်တဲ့ဘဝသက်တမ်းတ​စ်လျှောက်လုံး ခက်ခက်ခဲခဲရှင်သန်ရ​အောင် လုပ်ပစ်ဦးမှာ။

သူ့ဆုံးဖြတ်ချက်​တွေက ခိုင်မာ​နေခဲ့သည်။ ​သွေးပူ​နေတုန်း ​ဒေါသအ​လျောက် ထင်ရာ ရမ်းသမ်း​ပြော​နေတာမဟုတ်။
သည်အချိန်လောက် စိတ်တည်ငြိမ်သည့်အချိန်လည်း ရှိမှာမဟုတ်​တော့။ ဒါဟာ သူချဖူးသမျှ ဆုံးဖြတ်ချက်​တွေထဲ အတည်ငြိမ်ဆုံးနှင့် အ​သေချာဆုံးသာ။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now