Unicode~
"ကျွန်တော် စကားပြောမှားသွားတယ်ထင်တယ်"
"စကားပြောတာ.. ဟုတ်လား။ မဟုတ်သေးဘူး.. မင်းဒီကို ရောက်လာတာကိုက အမှား!"
"သူဌေးမင်း ဘာတွေပြောနေတာလဲ"
"မင်းက Taehyungနဲ့ တွေ့ကို မတွေ့သင့်တဲ့လူ"
Anton ခြေတစ်လှမ်းချင်းစီ နောက်ဆုတ်သွားသည်။ ဘယ်လောက်ပဲ ဖော်ဖော်ရွေရွေနေတတ်ပြီး အကြောက်အလန့်မရှိသူဆိုပါစေ၊ ကိုယ့်နဖူးထိပ်မှာ သေနတ်ပြောင်းဝရောက်နေသည်ဆိုလျှင်တော့ ကြောက်တတ်တာပါပဲ။ မောင်းခလုတ်ကို နှိပ်လိုက်ရုံဖြင့် ဦးနှောက်တစ်ခုလုံး ပွင့်ထွက်ပြီး ပွဲချင်းပြီးသွားနိုင်သည့်အချိန်မှာ နောက်နောက်ပြောင်ပြောင် တုံ့ပြန်နိုင်ဖို့ဆိုတာ ဝေးစွ။
"မင်းကြောင့် Taehyungက ငါ့ကို ထားသွားတာ။ အကုန်မင်းကြောင့်! မင်းကို သတ်ရမှ ငါကျေနပ်မယ်"
သေနတ်က ပြုတ်ကျသွားသည်။ ပစ်ချလိုက်တာ ဒါမှမဟုတ် လွတ်ကျသွားတာ။ ဘယ်လိုပဲဖြစ်ပါစေ သူ့လည်ပင်းပေါ် တင်းကျပ်သော အထိအတွေ့ ဝင်လာတာတော့ ဧကန်ပင်။ လည်ပင်းညစ်ခံထားရသည်က ဤမျှ မွှန်းကြပ်ဖွယ်ကောင်းသတဲ့လား။
ဘယ်လိုရုန်းရုန်း ကြမ်းပြင်နှင့် ခြေဖျား လွတ်သွားသည်ကလွဲရင် ဘာမှ ထူးခြားမလာ။အသွားမတော် တစ်လှမ်းဆိုတာ ဒါမျိုးဖြစ်လိမ့်မည်။ Taehyungဆီလာရင်း သူဌေးမင်းJeonကို တွေ့ရဖို့ပါ မျှော်လင့်ခဲ့တာ မှန်သော်လည်း အခုတော့ သူ့အသက်မသေရုံသာ။ သူဌေးမင်းက စိတ္တဇပါလား။
"ချမ်းသာပေးပါ။ ကျွန်..ကျွန်တော် နောက်မလာတော့ပါဘူး"
"သူဌေးမင်း!"
ဝရုန်းသုန်းကားဝင်လာသော သက်တော်စောင့်ကောင်လေးတစ်ယောက်။ ထိုအချိန်မှ Antonကို လည်ပင်းညစ်ထားရာမှ လွတ်ချပေးမိတော့သည်။ သူတကယ် စိတ်လွတ်သွားတာ။ လူသတ်မိတော့မလို့တဲ့လား။
သူ့စိတ်သူမထိန်းနိုင်သည့်အတွက် သူ့ကိုယ်သူ အမြဲစိတ်ပျက်ရသည်။
သည်တစ်ခါ စိတ်မထိန်းနိုင်လျှင် သူ့ကိုယ်သူသာမက Taehyungကပါ စိတ်ပျက်လိမ့်မည်။
အတွေးနဲ့တင် ကြောက်ဖို့ကောင်းလိုက်တာ..။
YOU ARE READING
𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧
FanfictionCold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella abstract after all. Countless times of being an escapee, you never feel sick of it. There's no way I can feel relieved whether you are with...