Unicode~
"ဟယ်.. သခင်လေး။ ပြန်လာပြီလား။ ဘာလို့ထွက်ပြေးသွားတာလဲ သခင်လေးရယ်။ ကျွန်မတို့က စိတ်ပူနေရတာ။ တစ်မြို့လုံးကလည်း သခင်လေးကို.."
"ကိုယ့်အလုပ်ကိုယ်လုပ်တော့ အဒေါ်ကြီး"
အသက်ကြီးသော မိန်းမကြီးတွေရဲ့ ဗီဇလေလား.. အဒေါ်ကြီးက စကားကို မလိုအပ်ဘဲ သိပ်ပြောတာပဲ။ အဲ့သည်လို စရိုက်မျိုးကို JungKook သဘောမကျ။ အထူးသဖြင့် Taehyungနဲ့ အဆက်အဆံလုပ်ရမည့် အလုပ်သမားတွေဟာ စကားနည်းလေ ကောင်းလေ။
"တစ်မြို့လုံးက ဘာဖြစ်ကြလဲ။ ဆက်ပြောပါဦး"
"မင်းသိဖို့မလိုပါဘူး။ ကိုယ်အခန်းထဲအထိ လိုက်ပို့ပေးမယ်"
Taehyungရဲ့ သိချင်စိတ်ကို သူက မရရအောင် အဆုံးသတ်သည်။ ကိုယ်တွေထက် နိမ့်ကျတဲ့လူတွေဆီက ဝေဖန်ပြစ်တင်သံတွေကို Taehyungကြားရဖို့ မလိုအပ်ဟု သူယူဆသည်။ ကြားရလို့လည်း ကောင်းကျိုးမရှိ။ အလကားနေရင်း စိတ်ဆင်းရဲရုံသာ အဖတ်တင်လိမ့်မည်။
"ခရီးပန်းလာပြီမလား နားလိုက်ဦး။ တစ်ရေးတစ်မော အိပ်ချင်အိပ်လိုက်။ နိုးသင့်တဲ့အချိန်ကျ လာနှိုးပေးမယ်"
Jeon JungKookကိုယ်တိုင် ပြင်ဆင်ထားပေးသည်ဆိုသော သူ့အခန်းကို Jeon JungKookထွက်သွားမှသာ အသေအချာကြည့်မိသည်။
သူကသာ တစ်သက်လုံးလျစ်လျူရှုပြီး နေခဲ့တာ၊ တစ်သက်လုံး ကျောခိုင်းထားခဲ့တာ။ Jeon JungKookကတော့ သူ့အကြိုက်ကို ကောင်းကောင်းသိ၍ သူ့အကြောင်းအလွတ်ရနေသူဟုပင် ဆိုရမည်။
ထောပတ်သီးရောင်ကတ္တီပါအိပ်ရာခင်း၊ ၎င်းနှင့် အရောင်တူ ခန်းဆီများ။ ကော်ဇောကလည်း အစိမ်းရင့်ရင့်ကတ္တီပါ..အိစက်ညက်ညောမှုက ပန်းခင်းပေါ် လမ်းဆင်းလျှောက်နေရသည့်နှယ်။
Jeon JungKookကို အမှတ်ပေးချင်သလိုလိုတောင် ဖြစ်သွားသည်။ဆယ်နာရီကြာ လေယာဥ်စီးခဲ့ရသဖြင့် သူ့တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲလျက်ရှိနေသည်။ မည်မျှပင် ပထမတန်းက စီးလာသည်ဆိုဦးတော့ နာရီကြာရှည်တော့ သက်တောင့်သက်သာ မဖြစ်နိုင်။
အိပ်ရာပေါ်လဲလျောင်းတော့ ခဏတွင်းချင်း အိပ်ပျော်သွားမိသည်။
YOU ARE READING
𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧
FanfictionCold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella abstract after all. Countless times of being an escapee, you never feel sick of it. There's no way I can feel relieved whether you are with...