Unicode~
"ကျွန်တော် မသွားဘူး Jeon JungKook.."
သူ့ကို အမြဲပုန်ကန်နေတတ်သော Kim Taehyungက သူ့ဆန္ဒကို လိုက်လျောပေးလိုက်တယ်တဲ့လား။ အပျော်လုံးဆို့တယ်ဆိုတာမျိုးက အခုအချိန်ကို ဆိုလိုတာ ဖြစ်ပါလိမ့်မည်။
လှိုက်ခနဲ သိမ့်ခနဲ နှလုံးသားလေးက ခုန်ပေါက်လှုပ်ရှားလျက်ရှိပြီး ကုလားထိုင်လက်တန်းကို တတောက်တောက် ခေါက်မိနေလျက်။"ခင်ဗျားဆန္ဒကြောင့်မသွားတာမဟုတ်ဘဲ ကျွန်တော့်ဆန္ဒအရပါ"
မည်သို့ပင်ဆိုစေကာမူ သိပ်ပြုံးခဲတဲ့ JungKookက အားရစွာပြုံးသည်။ သူ့အရှေ့က သတ္တဝါငယ်လေးကို သိမ်းကြုံးဖက်ထားချင်တော့တာ။ သည်လိုထွေးပိုက်ခွင့်များရှိလျှင် ဘယ်လောက်တောင် အဆင်ပြေလိမ့်မလဲ။
သူ့အပိုင်ဟု ထင်မှတ်ခဲ့ဖူးသော ရွှေရောင်ဆံသားတွေကို နမ်းရှိုက်ပစ်ချင်သည်။ လက်ချောင်းများနှင့် ဆံနွယ်ဖွဖွကြား ထိုးဆွချင်သည်။
သူ့အပိုင်ရပ်ဝန်းလေးပါဟု တံဆိပ်ကပ်ပစ်ချင်သည်။ ချစ်ခြင်းဟူသည်က အတိမ်အနက်တိုင်းတာဖို့ရာ ခက်ခဲလေစွ။"မင်းမသွားလို့ Antonက လက်မထပ်ချင်တော့ဘူးဆို ဘယ်လိုလုပ်မလဲ"
Taehyung ပုခုံးတစ်ဖက်ကို တွန့်ပြပြီး
"မတတ်နိုင်ဘူးလေ။ ကျွန်တော်က ခင်ဗျားအနားမှာ ဒုက္ခပေးဖို့ရှိနေချင်တာပါ။ သိပ်လည်း ပျော်မနေနဲ့ဦး"
"ကိုယ့်အသည်းက ဒုက္ခပေးမယ်ဆိုတော့လည်း ဒုက္ခလှလှပေါ့။ ဒီလောက်တော့ ကိုယ်ခံနိုင်ရည်ရှိပါတယ်"
အတိအကျအာမ,ခံနေသံနှင့် ပြောလာတော့ Taehyungမှာ မျက်နှာပိုးမသေသေအောင်မနည်းထိန်းထားရ၏။ သူတစ်သက်လုံး သူဌေးမင်းJeonကို ဒုက္ခပေးလာတာ။ အခုထိ ဒုက္ခပေးလို့ မဝသေးဘူးလား။ သူရှာသမျှပြဿနာကို အနောက်ကနေ လိုက်ဖြေရှင်းပေးသူ၊ သူပေးသမျှစိတ်ဒုက္ခတွေအတွက် တစ်ချက်မညည်းဖူးသူ။
သည်လူ့ဆီ စိတ်ယိုင်မိတာ မဆန်းလေပါ။ခွင့်လွှတ်၍မရခြင်းနှင့် ခွင့်လွှတ်ခြင်း ဝင်ရိုးစွန်းနှစ်ခုကနေ အပြိုင်ဆွဲနေသောအခါ မွှန်းကြပ်ရသည်ကလွဲလို့ အချိန်အများစုမှာ သူ သည်လူ့အနား ရှိချင်သည်။
မုန်းသည်၊ ချစ်သည် ပညက်ချက်တရားများကို အပထားလို့ အတူတူအနားရှိနေပေးချင်ရုံလေး။
YOU ARE READING
𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧
FanfictionCold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella abstract after all. Countless times of being an escapee, you never feel sick of it. There's no way I can feel relieved whether you are with...