Unicode~
လောလောဆယ် သူ့မှာ Antonကို အားနာသည့်စိတ်သာ ရှိတော့သည်။ ဒါဟာ ချစ်ခြင်းမေတ္တာမဟုတ်ကြောင်းကိုလည်း သူအခိုင်အမာ သိထားနှင့်ပြီးသား။ ချစ်ခြင်းနှင့် အားနာစိတ်ကြားမှာ အလွှာခပ်ထူထူက ကာရံထားပါ၏။
ဆေးရုံကုတင်ပေါ် ငြိမ်သက်စွာ လဲလျောင်းလျက်ရှိသော Antonကို သူခပ်လှမ်းလှမ်းကနေသာ ကြည့်သည်။ အားနာသည့်တိုင် Jeon JungKookကို အပြစ်ပုံချလိုက်ဖို့ရာလည်း မဝံ့မရဲ။ ဘာကြောင့်ရယ်မသိ.. လက်လွတ်စပယ် Jeon JungKookကို အပြစ်မြင်နေမိသမျှက အလုံးစုံမမှန်ဟု ခံစားနေမိသည်။
နှစ်ကြိမ်တိတိ.. သည်လိုကိစ္စတွေ Antonနဲ့ Jeon JungKookကြားဖြစ်တာ ဒါဒုတိယအကြိမ်မြောက်။ ပထမအကြိမ်တုန်းက သက်တော်စောင့် Audieက အချိန်မီလိုက်တယ်ဆိုပေမဲ့ အခုတစ်ခါကျ ဘယ်သူမှမမီလိုက်။ ဒါကြောင့်လည်း ထိုလူက စိတ်လွတ်ထွက်သွားတာ။
နောက်တစ်ခါများဆို Antonကို အိမ်မှာ တစ်ယောက်တည်းထားခဲ့တော့မှာမဟုတ်။ သူနည်းနည်းအတွေးလိုသွားသည်။"သခင်လေး.."
"ဪ.. Audieပါလား။ သူဌေးမင်းအနားမနေဘဲ ဘယ်လိုရောက်လာတာလဲ"
"သူဌေးမင်းက သခင်လေးအခြေအနေသွားကြည့်ခိုင်းလိုက်လို့ပါ"
"ငါ့အခြေအနေ.. ဟုတ်လား"
"သခင်လေး စိတ်ပူနေမှာစိုးလို့ထင်ပါတယ်"
Taehyungက တွေးတွေးဆဆနှင့် Audieကို ပြန်ကြည့်သည်။ သူ Antonကို စိတ်ပူနေမှာစိုးလို့ Jeon JungKookက သူ့ကို ပြန်စိတ်ပူနေတယ်ပေါ့.. ဟုတ်လား။ ဖြစ်စဥ်က အနည်းငယ်နားလည်ရခက်ပြီး လက်မခံချင်စရာကောင်းသည်။
သို့သော် မဖြစ်နိုင်ဘူးဟု မဆိုသာ။
Jeon JungKookမှာ သူနဲ့ ပတ်သက်ပြီး အံ့ဖွယ်ဖြစ်စဥ်သာဓကတွေ မနည်းရှိခဲ့ဖူးသည်။"ငါအဆင်ပြေတယ်။ မင်းပြန်လို့ရပြီ"
"သခင်လေးကိုပါ ပြန်ခေါ်ခဲ့ဖို့မှာလိုက်ပါတယ်"
"ငါ့အခြေအနေကို ကြည့်ဖို့ပဲ မဟုတ်ဘူးလား။ ဘာလို့ ပြန်လိုက်ခဲ့ရမှာလဲ။ ငါနောက်မှ ကိုယ့်ဟာကိုယ်ပြန်ခဲ့မယ်"
YOU ARE READING
𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧
FanfictionCold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella abstract after all. Countless times of being an escapee, you never feel sick of it. There's no way I can feel relieved whether you are with...