Part 27

3.7K 521 82
                                    

Unicode~

Audie အာ့ခ်ဗီးလ်​ကို​ရောက်​တော့ ညသန်း​ခေါင်ပင် ​ကျော်​နေပြီ။ သူ​ဌေးမင်းအပိုင်စက်ရုံက​တော့ သုံးပုံနှစ်ပုံ​လောက် မီးငြိမ်းသတ်ပြီးပြီဖြစ်၍ အထည်စက်ရုံက​တော့ တစ်ဝက်​လောက် ငြိမ်းထားပြီးဖြစ်သည်။

သူ​ရောက်ပြီး မကြာခင်မှာပဲ သူအ​ကြောင်းကြားထား​သော မီးသတ်ကား​တွေပါ ​ရောက်လာသည်။ ​လောင်လက်စ​နေရာများကို ချက်ချင်းငြိမ်းသတ်တာ​တောင် ​တော်​တော်နဲ့ မ​လျော့သွားသည်အထိ မီးအားက ပြင်းသည်။
မီးသတ်ကား​တောင် သည်​လောက်အချိန်ယူရရင် ရွာသား​တွေတွေမှာ ဘယ်​လောက်ထိ ငြိမ်းသတ်​နေခဲ့ရတာပါလိမ့်။

"အထဲမှာ လူရှိ​သေးလား"

"မရှိ​တော့ပါဘူး။ ဟိုဘက်မှာ ဒဏ်ရာရလူနာ​တွေပါ။ တချို့ကျ သတိလစ်​နေကြတယ်။ ​သေတဲ့လူလည်း ရှိတယ်"

လူနာ​တွေ တန်းစီးထား​သော ​​တောင်ကမူ​​လေးဆီ သူတက်လို့လာသည်။ ဘယ်​လောက်ထိ မီးအားပြင်းသလဲဆို သည်​​နေရာထိတောင် အပူက လာဟပ်​နေ​သေးသည်။

ခန့်မှန်းကြည့်ရသ​လောက် သတိလစ်​နေသည့်လူနာက ဆယ်​ယောက်ထက်မနည်း။ ​သေဆုံးသူနှစ်​ယောက်ရှိပြီး နှစ်​ယောက်လုံးက အထည်စက်ရုံက။
ဒါက​တော့ အထည်စက်ရုံဘက်က ​တော်​တော်နှင့်မီးမ​လျော့၍ ဖြစ်လိမ့်မည်။ ထို့​နောက် တအီအီ​ညည်းတွားရင်း ​ဝေဒနာခံစား​နေရ​သော အလုပ်သမားများရယ်။

"အကုန်လုံး စက်ရုံအလုပ်သမား​တွေပဲလား"

"ဟုတ်တယ် ​ခေါင်း​ဆောင်။ ​ဟော.. ဟိုတစ်​ယောက်က​တော့ အလုပ်သမားကို ဝင်ကယ်ရင်း ဖြစ်သွားတာ။ နဂိုတည်းက ခန္ဓါကိုယ်က အားနည်း​နေလို့ ထင်တာပဲ"

သ​ဘော​ပေါက်ဟန်ဖြင့် ​ခေါင်းဆက်ခနဲ ညိတ်ပြပြီး ထိုလူနာကို ကြည့်ဖို့ အနားကပ်လာသည်။ ဟိုဘက်လှည့်​နေတဲ့မျက်နှာကို မမြင်ရ​သေး​ပေမဲ့ လူနာ၏ ဖိနပ်ကို သူမြင်ဖူးသလိုလို။ ကိုယ်​နေဟန်ထားကိုလည်း ရင်းနှီးလို့​နေသည်။

"သခင်​လေး! သခင်​လေးက ဘယ်လိုဖြစ်လို့.."

လူနာကို ဆတ်ခနဲ ဆွဲလှည့်ကြည့်လိုက်မှ လုံးဝမထင်ထားတဲ့လူဖြစ်​နေ​သည်။
သခင်​လေးKim Taehyungက သည်ရွာမှာ ရှိ​နေတာလား။ သူ​ဌေးမင်းအပိုင် စက်မှုဇုန်ရှိတယ်ဆိုတာ မသိ​လေဘူးလား။ မသိလို့ပဲ စိတ်ချလက်ချ​နေ​နေတာဖြစ်ရမည်။ သိများသိရင် ဘယ်ထိထွက်​​ပြေးဦးမလဲ။
သည်တစ်ခါ​တော့ သခင်​လေးက ပုန်းတာညံ့သည်။

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now