Part 12

3K 460 120
                                    

Unicode~

"ကျွန်​​တော် တကယ်အသုံးစရိတ်လို​နေလို့ပါ။ ​သေချာ​ပေါက် ပြန်ဆပ်ပါ့မယ်ဗျာ"

"ဒီ​လောက်​ငွေအများကြီးကို ဘယ်လိုအာမခံချက်နဲ့ ​ချေးရမှာလဲ။ ဟင်..​ပြောပါဦး"

"ကျွန်​တော်..ကျွန်​တော် အလုပ်လုပ်ပါမယ်ဗျာ။ ​ကျေးဇူးပြုပြီး.. ကျွန်​တော့်အမျိုးသမီးနဲ့က​လေးကို ကယ်​ပေးပါ"

သူ​ဌေးကြီးထံ လူလတ်ပိုင်းအရွယ်လူတစ်​ယောက်က ​ခြေသလုံးဖက်မတတ် ​ငွေ​ကြေးအကူအညီ လာ​တောင်း​နေတာဖြစ်သည်။ သူ​ဌေးကြီးမျက်နှာက စိတ်ရှုပ်​နေဟန်။ ထိုလူကို တွန်းဖယ်ခြင်းမပြုသလို ​ထွေး​ပွေ့ခြင်းလည်းမရှိသည့်တိုင် ခက်ထန်မှုရှိ​နေဆဲ။

အမျိုးသမီးနဲ့က​လေးဆိုတဲ့စကား​ကြောင့် သူဟားတိုက်ရယ်ချင်မိသည်။ သည်လမ်းကို ထိုအမျိုးသမီးကိုယ်တိုင်က ​ရွေးချယ်ခဲ့တာပဲမဟုတ်လား။ အခုလို ဆင်းရဲမွဲ​​တေ စုတ်ပြတ်​နေမည်ကို သိ​နေရက်နဲ့ သည်လူ့ငမွဲကို ​ရွေးချယ်သွားတာ ထိုမိန်းမကိုယ်တိုင်ပဲ​လေ။ ဗိုက်ထဲက က​လေးအတွက်လား.. ဟင့်အင်း.. လုံးဝမသနားနိုင်ပါဘူး။ ဘာလို့ညှာတာ​နေရမှာလဲ၊ သူ့အတွက် ထုံးစံမရှိပါ။

"သူ..သူ​သေသွားလိမ့်မယ်။ ကျွန်​တော့်ကို ကယ်ပါ။ ကျွန်​တော် ​သေချာ​ပေါက်ဆပ်ပါ့မယ်။ ကျွန်​တော့်မိန်းမ မီးထွက်ချိန်အထိပဲ ​တောင့်ခံဖို့ ​ငွေမရှိလို့ပါ"

သည်ပုံစံကို အရသာရှိရှိ ကြည့်လိုက်ချင်လို့ ​ဆိုဗီယက်ရုရှားအထိ လိုက်လာခဲ့တာ။ ထင်သ​လောက်​ပျော်စရာမ​ကောင်းသည့်အပြင် 'သူ​သေသွားလိမ့်မယ်'ဟူ​သော စကား​ကြောင့် စိတ်ကမခိုင်ချင်​။ သူ့မျက်နှာက​တော့ အ​ပြောင်းအလဲမရှိ မာ​ထန်​နေဆဲ။ သူက ခံစားချက်​တွေကို မျက်နှာမှာ ​ဖော်ပြ​လေ့ရှိသူမှ မဟုတ်တာ..။

သူ့​ခြေသလုံးကို တင်း​နေ​အောင် ဖက်ထား​သောလူကို ကန်ထုတ်ပစ်ချင်စမ်းတာ။ ဘာလို့ အဲ့သည်​လောက်ထိ အသည်းမမာနိုင်တာပါလိမ့်။

"အဲ့လိုဖြစ်မှာ သိသိရက်နဲ့ လုပ်ခဲ့ကြတာပဲမလား။ အခုမှ ငါ့ကို လာတ,မ​နေစမ်းနဲ့"

𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧Where stories live. Discover now