Unicode~
"ခပ်ဝေးဝေးတော့ မသွားလောက်ပါဘူး။ ကျွန်တော် လိုက်ရှာကြည့်ရမလား"
"နေပါစေ.. ဒီတစ်ခါ သူ့ဆန္ဒနဲ့သူ ပြန်လာပါစေတော့"
အတင်းအကြပ်ခေါ်လည်း Taehyungက သူ့ကို အထင်လွဲနေဆဲဖြစ်နေတာကြောင့် ဘာမှမထူး။ နှစ်ကိုယ်တူစိတ်ဆင်းရဲရုံကလွဲ ဘာမှ အဖတ်မတင်။
ထို့အပြင် အိမ်မှာတောက်တဲ့လိုကျန်ခဲ့သော Antonကို သူဘာမှ မစီစဥ်ရသေး။ အမြန်ဆုံးမောင်းထုတ်ရမယ်ဆိုတာကို ဆုံးဖြတ်ထားပြီးသား။ စိတ်လေးလံလွန်းလို့ တစ်ခုခုအမိန့်ပေးရမှာကိုတောင် သူ့မှာမလုပ်နိုင်သေး။
ဖွာရှိုက်နေတဲ့ စီးကရက်များက တစ်လိပ်ပြီးတစ်လိပ်ကုန်သွားသည်။
အမြဲလိုက်ရှာနေခဲ့ရသူဆိုတော့ အခုလိုအချိန်ကို အသားမကျနိုင်။ဘယ်ဆီရောက်ပြီး ဘာတွေလုပ်နေမလဲ တွေးပူရင်း သူ့အပိုင်နေ့ရက်က အသက်မဲ့စွာ ခြောက်ကပ်နေလေ၏။ Taehyungဆိုတဲ့လူသားလေးကို သူဟာ မျက်စိအောက်က အပျောက်မခံနိုင်။ သူနဲ့ဝေးရာကိုရောက်သွားတိုင်း နေ့ညမဆိုင်းဘဲ လိုက်ရှာရမှ ကျေနပ်သူ။
သည်တစ်ခါ လိုက်မရှာတော့ဘူးလို့ ဆုံးဖြတ်လိုက်ချိန်မှာ ရင်ထဲ ဟာခနဲ ဖြစ်သွား၏။ နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ ဥပဒေသတစ်ခုလုံး ဆုံးရှုံးလိုက်ရသည့်နှယ်။
Kim Taehyung၏ အငွေ့အသက်အပိုင်းအစတစ်ခုစီက သူ့ဘဝထဲကနေ နည်းနည်းချင်းထွက်သွားသည်။ နောက်ဆုံးတော့ လုံးဝလက်လွတ်ရတော့မယ်ပေါ့။မင်းနိုင်ပါတယ် ကိုယ့်အသည်းရယ်။
ကိုယ့်ကို ပူဆွေးစေနိုင်တဲ့ တစ်ဦးတည်းသောသူ၊ ကိုယ့်ခံစားချက်တွေကို အရောင်စုံစေတဲ့သူ။
Taehyung မရှိခင်က သူ့ဘဝမှာ ထူးထူးခြားခြားပျော်ရွှင်ရမည့်ကိစ္စတွေ၊ ၀မ်းနည်းပူဆွေးစရာတွေရယ်လို့ မရှိခဲ့ပါ။ ကိုယ့်ကို ခံစားတတ်လာအောင် သင်ပေးပြီးနောက်မှာတော့ သူဟာ ကိုယ့်အပိုင်နယ်မြေထဲက တမြေ့မြေ့ရုန်းထွက်ဖို့ ကြိုးစားပါတော့သည်။
YOU ARE READING
𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧
FanfictionCold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella abstract after all. Countless times of being an escapee, you never feel sick of it. There's no way I can feel relieved whether you are with...