Unicode~
"မိတ်ဆက်ပေးစရာတောင်မလိုတော့ဘူးထင်တယ် ဒါကျွန်တော်နဲ့လက်ထပ်မဲ့သူ.. Antonတဲ့"
"အင်း.. သိတယ်"
အတက်အကျမရှိသောအသံဖြင့် ပြန်ပြောသည်။ Antonနဲ့ ပတ်သက်ပြီး စိတ်ဝင်စားပုံမရ။ အခုလိုကျ Taehyung အလိုမကျပြန်။ ပူဆွေးသွားတာဖြစ်ဖြစ်၊ ဒေါသထွက်သွားတာဖြစ်ဖြစ် တစ်ခုခုတော့ ဖြစ်သွားသင့်သည် မဟုတ်လား။
သူ့အကြောင်းကို လုံးလုံးစိတ်မဝင်စားသည့်အနေအထားကြောင့် သူဘာပြောလို့ပြောရမည်မှန်းမသိဖြစ်သွားတာတော့ အသေအချာ။"ကျွန်တော်ကတော့ ခပ်မြန်မြန်လက်ထပ်ဖို့ပဲ စီစဥ်ချင်နေပြီ"
"Taehyung.."
Antonက သူ့ကိုတားသည်။ လက်ထပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး Antonက လောမနေတာကြောင့်လည်း ပါမည်။ Taehyungအတွက်တော့ မြန်မြန်ပြီးလေကောင်းလေဆိုတဲ့ ကိစ္စမျိုးဖြစ်တာကြောင့် လောနေမိတာ အမှန်။
"အဲ့တာ မင်းတို့ ကိစ္စလေ။ ကိုယ်နဲ့ ဘာများသက်ဆိုင်နေလို့ပါလိမ့်"
"ခင်ဗျားက ကျွန်တော့်အုပ်ထိန်းသူနေရာက ပါဝင်ပေးမယ် ထင်ခဲ့တာ"
ရွဲ့ပြောနေတာလား၊ အတည်ပြောနေတာလား သိရအောင် သူ Taehyungကို ခပ်စေ့စေ့ကြည့်လိုက်သည်။ အရိုးခံပြောနေပုံပါပဲ။ သည်လိုစကားကို သည်လိုအရိုးခံမျက်လုံးတွေနဲ့ ပြောနိုင်တယ်ဆိုတာဟာ မင်းကပဲ သိပ်အ,နေလို့လား၊ ဟန်ဆောင်ပဲကောင်းလွန်းနေတာလား။
သေချာတာတော့ ကိုယ်သိတဲ့ မင်းက နုံအအကောင်လေးမဟုတ်ခဲ့ပါ။"ကိုယ်က မင်းတို့နှစ်ယောက်ရဲ့ အိမ်ရှင်.. ဒီလောက်ပဲ။ ကျန်တာ မင်းတို့ကိစ္စ၊ ဘယ်တုန်းကများ ကိုယ့်သဘောကိုရော မင်းထည့်တွက်ဖူးလို့လဲ"
Taehyung ကြောင်အမ်းစွာ ကြည့်နေမိသည်။ Jeon JungKookဆီက အခုလိုစကားထွက်လာတယ်ဆိုတာ သူ့ခမျာ နားရှိလို့သာ ကြားရသည်။ သူ့အရေး၊ သူ့ကိစ္စမှန်သမျှကို Jeon JungKookက အရေးတယူရှိခဲ့တာပါပဲ။ စိတ်ထဲကပါ၍ဖြစ်စေ မပါ၍ဖြစ်စေ သူ့ကို လျစ်လျူရှုတယ်လို့မှ မရှိခဲ့တာ။
သူ အစွန့်ပစ်ခံ ဖြစ်သွားပြီလား။
စွန့်ပစ်ဖို့ကို အမြဲတမ်း မျှော်လင့်ခဲ့ပေမဲ့ တကယ်တမ်းကြုံတွေ့ရတော့ ရင်ဘတ်ထဲဟာတာတာ။
YOU ARE READING
𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧
FanfictionCold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella abstract after all. Countless times of being an escapee, you never feel sick of it. There's no way I can feel relieved whether you are with...