အခန်း၂(uni+zaw)

26.8K 633 6
                                    

(unicode)

''မရှိတော့ဘူးပေါ့...ဟုတ်လား....''

''ဘာဖြစ်လဲ..သူ့စရိတ်နဲ့သူ...အေးတာဘဲ...''

ဦးမင်းနိုင် ကြိတ်မနိုင်ခဲမရ ဖြစ်နေရသည်။ဒီကောင်မလေးကို ဒီည ရအောင်စားမယ်ဟု ကြံစည်ထားသမျှ သဲထဲရေသွန်ဖြစ်ရသည်။
မျက်လုံးထဲမြင်နေရတဲ့ ခန္ဓာကိုယ်လှလှလေးကိုပြန်တွေးရင်း လူက နေမထိထိုင်မသာ။နုငယ်ဖူးသစ်နေတဲ့ မျက်နှာလေးကို တွေးကြည့်ပြန်တော့လည်း အသားတွေတဆက်ဆက်တုန်လာရသည်။
ပါးစပ်နားမှ ရောက်ခါမှ ပြုတ်ကျသွားတဲ့အဖြစ်ကို ယူကျူံးမရဖြစ်ရသည်။

''တောက်..အဲ့ဒါ မင်းပြောတာတွေ ကြားလို့ထွက်ပြေးတာ နေမှာ.....''

''ဒီမှာ...ရှင့်ရဲ့ အဲ့ဒီဟာမ အပေါ်ထားတဲ့ကရုဏာအသံကို ထပ်မကြားချင်ဘူး....''

''ဟား..ငါကလည်း မင်းနဲ့ထပ်ပြီးမနေချင်တော့ပါဘူး...''

''အဟင်း...ကျေးဇူးဘဲ....''

ဆံပင်တွေ ဝေ့ခနဲဖြစ်အောင်အထိ ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ဒေါ်မူယာချိုက ခြေသံခပ်ပြင်းပြင်းနဲ့ အိမ်ထဲ လှည့်ဝင်လိုက်သည်။ အရင်တည်းက မေတ္တာမရှိခဲ့တဲ့ ကောင်မလေးမို့ ပျောက်သွားလည်း ပိုတောင်ကောင်းသေးသည်။တော်ကြာ
ကိုယ်ရောင်းစားတာက ပိုက်ဆံရပေမဲ့ သူ့ဦးလေးရဲ့သူငယ်ချင်းတွေလည်းရှိသေးလို့ ဇယားတွေက ရှိသေးသည်။အခုတော့ တစ်ပူငြိမ်းသွားပြီ။

*******

''ရွှေမင်းဆက်''မိုတယ်လ်ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်တယ်ဆို ကားကို ထိုဝင်းထဲ ချိုးကွေ့လိုက်သည်။ ဒဏ်ရာအရှိန်ကြောင့် ထင်သည်၊လူက ဘယ်လိုမှမဟန်နိုင်တော့ဘဲ ခေါင်းတွေကိုက်လာရသည်။ ကားကို စက်သပ်ပြီးမှ ဘေးက ချာတိတ်မကို သတိရသွားသည်။

''ဟိတ်...''

အထုပ်လေးပိုက်၍ အိပ်မောကျနေတဲ့ အဆင်းကိုကြည့်၍ သူ နှိုးလိုက်သည်။ အပျော်ခရီးထွက်လာတယ်များထင်နေလားမသိ၊အိပ်နေလိုက်တာ
သူ့အိမ်သူ့ယာအတိုင်း။

''ဟင်..ရောက်ပြီလား...''

မျက်လုံးလေး ပွတ်၍ ဟိုကြည့်၊ဒီကြည့်နဲ့ သူမက
မေးသည်။ စက်ကွင်းက ကားနောက်ခန်းထဲက အိတ်အနက်လေးတစ်လုံးကို လှမ်းယူပြီး ခပ်ထေ့ထေ့ပြန်ကြည့်ကာ။

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Where stories live. Discover now