အခန်း၈(uni+zaw)

29K 567 8
                                    

(unicode)

နှစ်ယောက်အတူ ပြန်လာပြီး ကားပါကင်ကနေ အပေါ်တက်ခဲ့ကြသည်။လမ်းလျှောက်တိုင်း ကွချင်နေတဲ့ အဆင်းသည် ဦးစက်များသိသွားမလားဆိုပြီး ခဏခဏခိုးကြည့်ရတာအမော။

''ဖိနပ်ပေါက်လို့လား...ချာတိတ်''

''ရှင်...''

အိမ်ရှေ့တံခါးနားရောက်မှ ကောက်ခါငင်ခါမေးလိုက်တဲ့ ဦးစက်က သတိထားမိတယ်ထင်သည်။အဆင်းလည်း အဲ့ဒီတော့မှ ခန္ဓာကိုယ်လေးကို မတ်လိုက်ပြီး ခေါင်းလေးယမ်းပြလိုက်သည်။

''မဟုတ်ပါဘူး..ဦးစက်ရဲ့၊ ကားပေါ်မှာ ထိုင်နေတာ ခြေထောက်ကျဥ်သွားတာ ထင်တယ်''

'ဟုတ်လား...ကိုယ်နှိပ်ပေးရမလား...''

''နေပါ...ဦးစက်ရဲ့..''

ဆိုဖာပေါ်မှာ အတူထိုင်ရင်း သူမရဲ့ခြေထောက်လေးကို လှမ်းကိုင်လိုက်တဲ့ သူ့ကြောင့် အဆင်းကရုန်းလိုက်သည်။အမှန်က ခြေထောက်ကြောင့်မဟုတ်ဘဲ တခြားနေရာကဖြစ်သည်။

''အခုမှ ကြည့်မိတယ်...မင်းခြေထောက်လေးတွေက ချစ်စရာလေးတွေ...အဟွန်း''

စက်ကွင်းက ပြည့်ဖောင်းနေတဲ့ခြေခုံမို့မို့လေးနဲ့၊ ခြေချောင်းသွယ်သွယ်လေးတွေကို အကြည့်ရောက်မိပြီး ပြောလိုက်သည်။သူလည်း ဘယ်လိုဖြစ်လဲမသိ၊သူမရဲ့ဆံချည်မျှင်ကစပြီးခြေထောက်လေးတွေအထိ အကုန်သဘောကျနေရသည်။သူမလေနဲ့ နီးစပ်အောင် ပို့ပေးလိုက်တဲ့ဆေးခပ်လိုက်တဲ့ သူကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေရသည်။

''အဟင်း...ဦးစက်လည်း.....''

အဆင်းက ပြောပြီးတာနဲ့ အနားက ရှောင်ထွက်ဖို့ပြင်သည်။

''ဟိတ်..အဲ့ဒီမှာ ဘာမှမရှိတော့ဘူး၊ကိုယ့်အခန်းဘက်ကို ဝင် ''

''အဆင်းအင်္ကျီလေးတွေရော..မရှိတော့ဘူးလား''

အခန်းရှေ့ကနေ နောက်ပြန်လှည့်၍ သူမက မေးသည်။ စက်ကွင်းက ထိုင်နေရာကနေ လျှောက်လာကာ။

''အင်း...ကိုယ့်အခန်းထဲမှာ အကုန်ပြင်ထားတာ''

သူမရဲ့လက်ကလေးကို လှမ်းဆွဲကာ အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်။အိပ်ယာခင်း၊ခေါင်းအုံးတွေကအစ ပြာလွင်လွင်နဲ့ အသစ်လဲထားတာထင်သည်။ပြီးတော့ မှန်တင်ခုံတစ်ခုမှာ မိန်းကလေးအသုံးဆောင်ပစ္စည်းတွေရှိပြီး၊ဘီရိုတစ်လုံလည်း တိုးလာသည်။

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Où les histoires vivent. Découvrez maintenant