အခန်း၂၉(uni+zaw)

21.1K 434 9
                                    

(unicode)

၃နှစ်ခန့်ကြာသော်.....။

''ဟာ...ဘုန်းလင်းစက်နဲ့.ညီလင်းစက်...လုပ်ပြန်ပြီကွာ...''

ဘီရိုအကွယ်ရဲ့ဘေးမှာ ပုန်းနေပေမဲ့ စပို့ရှပ်အဝါလေးက တစွန်းတစထွက်နေတော့ စက်ကွင်း လှမ်းကြည့်ရင်း အော်လိုက်သည်။တစ်နေ့ တစ်မျိုး မရိုးရ ဆိုးလိုက်ကြတာဆိုတာ ဘယ်သူ့တူမှန်းမသိ။

''ဟယ်...ဦးစက်..အဲ့ဒါ...''

အဆင်းက ၆လအရွယ် သမီးငယ်လေးကို ချီရင်းအခန်းထဲဝင်လာတဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်လုံးပြူးသွားရသည်။ရှပ်အင်္ကျီအဖြူမှာ ပေလူးနေသော နှုတ်ခမ်းနီတွေ၊ရစရာမရှိအောင် ဆွဲခြစ်ထားကြတာ ရုပ်ပျက် ဆင်းပျက်။

''ကဲ..မင်းတို့သားအမိတွေရှင်းကြတော့..ကိုယ့်ကိုသမီးလေး ပေး...''

စက်ကွင်းက သမီးလေးကို လှမ်းပွေ့ရင်း baby mild creamအနံ့လေးသင်းနေသော ပါးပြင်ဖောင်းဖောင်းလေးကို ဖိကပ်နမ်းလိုက်သည်။ အစ်ကိုနှစ်ယောက်နဲ့ ရုပ်ချင်းသိပ်မဆင်ဘဲ ဖြူဖွေးလုံးနေကာ အဆင်းရဲ့မျက်နှာလေးနဲ့ ပိုတူသည်။အကျင့်ကတော့ သားငယ်လေးအတိုင်း အငိုသန်ပြီး အမေကို မျက်စိအောက်က အပျောက်မခံ။ ဆံပင်ထိပ်လေးမှာ သိုးမွှေးလုံးလေးနဲ့ စုချည်ထားပြီး ပန်းရောင်ဂါဝန်လေးနဲ့ ချစ်စရာလေး ဖြစ်လို့နေသည်။သူ့ကိုလည်း မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်ရင်း၊သွားဖုံးလေးပေါ်အောင်ထိ ရယ်ပြကာ အသည်းယားအောင် လုပ်နေသည်။

''ဖေဖေ့မင်းသမီးလေးက တကယ်ချစ်ဖို့ကောင်းတာကွာ...ပြွတ်စ်....''

စက်ကွင်းက သမီးနဲ့ချစ်ကြည်နူးနေပေမဲ့ ဘီရိုရှေ့တွင်တော့။

''သားကြီးနဲ့သားငယ်...ထွက်မလာသေးဘူးလား''

အဆင်း အင်္ကျီကိုင်ရင်း လှမ်းခေါ်လိုက်သည်။
အလုပ်သွားခံနီး သားတွေလက်ချက်ကြောင့် အင်္ကျီဗလာနဲ့ ဦးစက်ကို ကြည့်ရင်း ရယ်ချင်ပေမဲ့လက်ကလေးတွေပိုက်ပြီး မဲ့တဲ့တဲ့နဲ့ ထွက်လာတဲ့သားတွေကြောင့် မျက်နှာကို ပြန်တည်ထားလိုက်သည်။

''ကြည့်စမ်း...ပေလူးနေတာဘဲ...''

လက်တွေရော၊ပါးတွေရောမှာ နီရဲနေပြီး အဆင်းက ခါးလေးထောက်ပြီး ဆူဖို့ပြင်သည်။သူ့တို့အဖေ အင်္ကျီမှ မဟုတ်၊သူတို့အင်္ကျီမှာလည်း နှုတ်ခမ်းနီအရောင်တွေချည်းဖြစ်ပြီး မျက်နှာပါ မကျန်တော့ ဆူလည်ဆူချင် ရယ်လည်းရယ်ချင်မိသည်။အခုမှ ဘာရုပ်လေးတွေ ပေါက်နေမှန်း
မသိတော့ပေ။မူကြိုထားပြီးကတည်းက အရုပ်မှာဆေးခြယ်တာကို အမှတ်များမှားလားသလား။ခဏခဏဆူရပေါင်းလည်း မနည်းတော့ပေ။

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Where stories live. Discover now