အခန်း၃၄(uni+zaw)

18.3K 427 10
                                    

(unicode)

အခန်းထဲ ရောက်တယ်ဆို သားလေးနှစ်ယောက်ကို ရေအရင်ချိုးပေးပြီး အင်္ကျီဝတ်စားလဲပေးရသည်။ သားနှစ်ယောက်က အဝတ်အစားလဲပြီးတာနဲ့ အဆာပြေမုန့်လေးစားပြီး၊ အခုတော့ ခုတင်ပေါ်တွင် နေရာယူကာ Tvကလာနေတဲ့ကာတွန့်ကားကို စိတ်ဝင်စားဖွယ်ကြည့်နေပြီး၊ရေဆော့ထားတဲ့အရှိန်နဲ့မို့ ပင်ပန်းသွားတယ်ထင်သည်။

အဆင်းက ချွတ်ထားတဲ့ သားတွေအဝတ်တွေသိမ်းနေရင်းမှ ဦးစက်တို့သားအဖကိုလှမ်းကြည့်မိသည်။ဖအေလုပ်သူက ဖုန်းပြောနေပြီး၊သမီးလုပ်သူက သူ့အဖေရဲ့ကျောကိုမှီကာ မုန့်စားနေတာတောင် အပျင်းညဏ်နဲ့။

''သဘက်ခါလေကွာ....လိုတာတွေ ငါလှမ်းပြောမယ်''

''...................''

''အေး...ရတယ် ငါတို့လာမှ မင်းတို့ပြန်ပေါ့''

''...................''

''ရတယ်...ရေသန့်ပါ တင်သွားလိုက်..''

''................''

''အင်း...ဒါဘဲလေ..ဝီလီ''

ဖုန်းပြောပြီးမှ သူ့ကိုကျောလေးမှီထားတဲ့ သမီးကိုပေါင်ပေါ်ပွေ့တင်လိုက်သည်။တဂျွတ်ဂျွတ်နဲ့ဘာတွေစားနေမှန်းမသိ ။

''ဘာတွေစားနေတာလဲကွ..ဖေဖေ့ကို မကျွေးတော့ဘူးလား''

''မုန့်မုန့်..ဖေဖေစားချင်ရင် ပါးစပ်ဟ''

''အင်း...ဖေဖေ့ကို ခွံပေး...''

စက်ကွင်း ပါးစပ်ဟပေးလိုက်သည်။စားနေကျဘီစကွပ်အချောင်းလေးတွေကို သူ့ပါးစပ်ထဲကိုလက်သေးသေးလေးဖြင့် လာထည့်ပေးသည်။

''ဖေဖေ..ကိုက်နဲ့လေ...အဲ့ဒါ မီးမီးလက်...''

''အဟွန်း...လက်ကလေးပါ ဝါးစားမလို့''

''အား...လုပ်ပါနဲ့...ဟီးဟီး...''

''မရဘူးကွာ...စားပစ်မယ်...''

စက်ကွင်းက သမီးလေးရဲ့လက်ညိုးလေးကို သူ့နှုတ်ခမ်းလွှာနဲ့ဖိညှပ်ပြီး စလိုက်တော့ မယ်အကဲပိုလေးရွှေနှင်းစက်က အော်တော့သည်။

''မီးငယ်ရေ မေမေနဲ့အတူ ရေချိုးရအောင်''

''ဟင့်အင်း..ဟင့်အင်း...မီးမီး ချိူးချင်ဝူး''

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Место, где живут истории. Откройте их для себя