အခန်း၃၆(uni+zaw)

17.9K 411 8
                                    

(unicode)

''မေမေ.. မီးမီးလှရဲ့လား''

''လှတာပေါ့...မီးငယ်ရဲ့.. ''

သမီးလေးကို အင်္ကျီဝတ်စားလဲပေးနေတာဖြစ် သည်။ ဦးစက်နဲ့ သားနှစ်ယောက်က အဆင်သင့်ဖြစ်နေပြီး အကုန်ပြီးနေ၏။ဒီနေ့က ငွေဆောင်ကအပြန် အရီး​မြတို့ရွာကိုခရီးဆက်မှာဆိုတော့မနက်စောစောထပြီး မနက်စာသွားစားပြီးတာနဲ့ ပြင်ဆင်နေရသည်။

''မေမေ..''

''ရှင်...''

''မီးမီးလည်း မေမေ့လို ဒီလိုလေးလုပ်မယ်''

''ဘယ်လိုလဲ..သမီးရဲ့''

''ဒီလို..ခါးခါးလူးချင်တယ်''

အဆင်းရဲ့ပါးပြင်လေးကို လက်ညိုးလေးနဲ့ထိုးပြီးပြောသည်။ ရှင်မတောင်အစစ်ကို သေချာသွေးပြီး ဗူးနဲ့ထည့်လာကာ အဆင်းကလူးထားတာဖြစ်သည်။ဒီမနက်တော့ ပါးပြင်လေးမှာ ပါးကွက်ပုံ့ပုံ့လေးကွက်ထားတော့ သမီးကသဘောကျသွားတာ ထင်သည်။

''လူးပေးမယ်..မေမေလို ပါးကွက်လေးလား''

''ဒီလိုလေးလေ..မေမေ''

''အင်း..အဲ့ဒါဆို ခဏလေးနော်''

''ဟုတ်ကဲ့..''

အဆင်းက အိတ်ထဲက သနပ်ခါးဗူးလေးသွားထုတ်ယူလိုက်သည်။ပြီးတော့ baby mildနို့ရည်လေးလူးထားတဲ့ သမီးရဲ့မျက်နှာနုနုရဲလေးပေါ်ကို သနပ်ခါးလူးပေးလိုက်၏။ပါးပေါ်မှာ ပါးကွက်လေးကိုထူထူလေး တင်ပေးလိုက်တော့ မျက်နှာလေး ဖြူဖြူလေးက အရမ်းချစ်ဖို့ကောင်းသွားသည်။မျက်နှာလေးဝိုင်းသလို အသားလေးလည်းဖြူပြီး မျက်တောင်ကော့ကော့၊နှုတ်ခမ်းရဲရဲလေးနဲ့မို့ သမီးချောလေးဖြစ်သည်။

ဝတ်ထားတဲ့အင်္ကျီဝမ်းဆက်လေးက စပို့ရှပ်အနီရဲရဲလေးနဲ့ဘောင်းဘီရှည်အနက်လေးဖြစ်သည်။ညက အဆင်သင့်ထုတ်ပေးထားတဲ့ ဂါဝန်လေးကို မြင်လည်းမြင်ရော ခေါင်းယမ်းတော့သည်။အကြောင်းရင်းက အစ်ကိုနှစ်ယောက်က လက်ရှည်စပို့ရှပ်အနီရဲရဲလေးဆင်တူဝတ်ထားတော့ သူလည်းဝတ်မယ်ဆိုပြီး ဂျီကျလို့ အရောင်တူတာ ဝတ်ပေးထားရသည်။

''မေမေ.. ပဝါလေးနဲ့ သနပ်ခါးခြောက်အောင်လုပ်ပေးမယ်နော်''

''ဟုတ်ကဲ့..မေမေ''

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Donde viven las historias. Descúbrelo ahora