အခန်း၁၇(uni+zaw)

23.4K 507 10
                                    

(unicode)

''အော့..ဝေါ့..''

ဘေစင်မှာ ထိုးအန်ရင်း ခေါင်းထဲမှာ တရိပ်ရိပ်ဖြစ်လာရသည်။အစာတွေထွက်တာလည်း မဟုတ်ဘဲ လေတွေချည်းအန်နေတာမို့၊ လည်ချောင်းတွေတောင်နာလာရသည်။

''ဟာ..အန်နေတာလား...''

''အော့...''

ချာတိတ် အိပ်နေတယ်ထင်ပြီး သူအပြင်မှာ ကွန်ပျူတာတစ်လုံးနဲ့အလုပ်လုပ်နေတာဖြစ်သည်။အထဲဝင်လာတော့ ရေချိုးခန်းတံခါးပွင့်နေပြီး၊မသင်္ကာလို့ ဝင်ကြည့်တော့ မျက်နှာလေးဖြူဖျော့ကာ အန်နေတာ တွေ့ရတော့ စိတ်ထဲပူဆင်းသွားရသည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေမှာလည်း မျက်ရည်လေးတွေစို့နေပြီး နှုတ်ခမ်း သားလေးတွေက ရဲတွတ်နေ၏။

''သက်သာရဲ့လားကွာ..''

ချွေးစေးလေးတွေထွက်နေတဲ့ သူမရဲ့နဖူးစပ်လေးတွေကို သုတ်ပေးရင်း မေးလိုက်သည်။ကျောပြင်လေးကိုလည်း ခပ်ဖွဖွနှိပ်ပေးရင်း စိုးရိမ်နေ၏။

''ဟုတ်..''

ပလုတ်ကျင်းလိုက်ရင်း အဆင်းက ခေါင်းညိမ့်ပြလိုက်သည်။ တယုတယနှိပ်ပေးနေတဲ့ ဦးစက်ရဲ့လက်တွေကို ဖယ်လိုက်ရင်း ။

''ရပြီ...ဦးစက်ရဲ့ ၊အဆင်း သက်သာပါတယ်''

''ဟုတ်လို့လား..ဆေးခန်းသွားမလား..မိန်းမ''

''ဟင့်အင်း...တကယ်သက်သာသွားပါပြီ''

''ဂရုစိုက်ပါ..ချာတိတ်ရယ်..မသက်သာရင် ကိုယ့်ကို ချက်ချင်းပြောကွာ.၊ အထဲမှာ ကလေးလေးလည်းရှိတော့ စိတ်ပူရတယ်...''

''ဟုတ်..''

သူမရဲ့ပုခုံးလေးကနေ ဖက်ပြီး ခေါ်လာကာ ခုတင်ပေါ်မှာ အတူထိုင်လိုက်သည်။ နဖူးပေါ်ကို ဝဲကျနေသော ဆံသားလေးတွေကို ဖယ်ပေးရင်း။ခဏအကြာအထိ ထိုင်လိုက်ပြီး သူကအရင်စကား စလိုက်သည်။

''မနက်ဖြန်ကြရင် ဒီဗိုက်ဗိုက်လေးကို သွားအပ်မယ်နော်...မိန်းမ''

''အာ..ဦးစက်ကလည်း...''

ဘာမပြော၊ညာမပြောနဲ့ သူမရဲ့အင်္ကျီထဲ လက်လျိုထည့်ပြီး ဗိုက်လေးကို ကိုင်လိုက်တဲ့
ဦးစက်ကြောင့် အဆင်းက အဲ့ဒီလက်ပေါ်ကိုအုပ်ကိုင်ရင်း အသံတိုးတိုးလေး ထွက်သည်။ကြည်နူးတဲ့မျက်ဝန်းတွေနဲ့ ဦးစက်ဆိုတဲ့လူကြီးက ထိုအပြုအမူကို အတော်သဘောကျနေတယ်ထင်သည်။

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Where stories live. Discover now