(unicode)
အချိန်တွေအကုန်မြန်တယ်ဆိုသလို သူမနဲ့ဦးစက်ရဲ့ အိမ်ထောင်သက်(၆)နှစ်ပြည့်ပြီ။ သားတွေက ၅နှစ်ကျော်ကျော်၊သမီးလေးက ၃နှစ်မပြည့်တပြည့်လေး။ မိသားစုဘဝမရှိခဲ့လို့ အဆင်းက ကလေးတွေအများကြီးမွေးပေးမယ်ပြောပေမဲ့ ဦးစက်က မိန်းမနာတာမကြည့်ရက်တော့ဘူးဟုပြောကာ ကလေး ၃ယောက်နဲ့ကျေနပ်ခဲ့သည်။
''မေမေ...''
''ရှင်....''
''မီးမီးက ကိုကိုတို့နဲ့အတူတူ ရေထဲဆင်းဆော့လို့မရဘူးလား..''
''မီးငယ်လေး ဖျားရင်ဘယ်လိုလုပ်မလဲ...မဆင်းပါနဲ့ကွယ်...အခုတောင် နှာနည်းနည်းစေးချင်နေတယ်မလား''
''ဟင်..မေမေကလည်း မီးမီးနေကောင်းပါတယ်''
သားမိနှစ်ယောက် ဆင်တူဝတ်ထားတဲ့ ဂါဝန်အဖြူလေးနဲ့ ရွှေနှင်းစက်လေးက နှင်းလုံးလေးအတိုင်း ဖြူဖြူလုံးလုံးလေးဖြစ်သည်။ဆံပင်ကုတ်ဝဲတိတိလေးနဲ့ ၃နှစ်ပေမဲ့ စကားလည်းတက်ကာ လူလည်မလေးဖြစ်သည်။ပြီးတော့ အငယ်ဆုံးအချွဲဆုံးလေးလည်းဖြစ်ပြီး တစ်အိမ်လုံးရဲ့အသည်းကျော်လေးမို့ သူမလေးက နည်းနည်းဂျစ်တဲ့စိတ်လေးကတော့ ရှိသည်။
''နေကောင်းပေမဲ့ ဖျားမှာဆိုးလို့ပေါ့ မီးငယ်ရဲ့''
''ဟင့်..စိတ်ညစ်ပါတယ်..''
အဆင်းက သမီးရဲ့ဆံပင်နက်နက်ကလေးတွေကိုလက်နဲ့ အသာသပ်တင်ရင်း ချစ်စနိုးပြောမိသည်။အဖြူရောင်ဂါဝန်လေးနဲ့ နှင်းမင်းသမီးလေးအလား ချစ်စရာကောင်းတဲ့ မီးငယ်လေးကိုရေပြောင်းမြေပြောင်းမှာ ဖျားနာမှာဆိုးလို့ဂရုစိုက်နေရသည်။ငယ်ငယ်ကတည်းက နည်းနည်းလေး ပင်ပန်းတာနဲ့ ဖျားတော့ အခုလည်းရောက်ရောက်ချင်းရေထဲမဆင်းခိုင်းချင်။
''မေမေ..အဲ့ဆိုရင် နက်ဖြန်ခါကြရင် မီးမီးဆင်းမယ်...အဲ့ဒါဆို ရလား ''
''အဟင်း...အင်း...မနက်ဖြန်ဆို ဆင်းခိုင်းမယ်''
''ဒီနေ့လည်း မီးမီးဆင်းချင်တာ မေမေကပြောလို့၊ကိုကိုတို့က ကစားနေတာ...သွားချင်တယ်..ဟင့်''
ကလေးနှစ်ယောက်ရဲ့ဒီဇင်ဘာပိတ်ရက်မှာ
မိသားစုတွေ ငွေဆောင်ကမ်းခြေရောက်နေကြသည်။သားဖ၃ယောက် ရေကူးနေတာ
ကြည့်ပြီးအဆင်းက ပြုံးနေပေမဲ့ သမီးလေးကတော့ မဆင်းရဘူးဆိုတာနဲ့ နှုတ်ခမ်းလေးတထော်ထော်နဲ့မကျေနပ်သံပိစိလေးနဲ့ ခုန်ဆွခုန်ဆွဖြစ်နေသည်။
ESTÁS LEYENDO
ကမ္ဘာလွှမ်းသော နှလုံးသား(completed)
Romanceမထင်မှတ်ထားတဲ့အမှားကြောင့် မင်းကိုလက်ထပ်လိုက်ရပေမဲ့ ရင်ထဲမှာတန်ဖိုးထားပြီး ချစ်ရတာပါဆိုတဲ့...ဦးနဲ့ချာတိတ်။