အခန်း၁၂(uni+zaw)

25.5K 531 3
                                    

(unicode)

''အရီးမြကလည်း..မဖြစ်ပါဘူး...''

''ဘာလို့မဖြစ်ရမှာလဲ..သမီးရဲ့၊လင်မယားဆိုတာခွဲမအိပ်ရဘူးလေ..ပြီးတော့ ကောင်လေးက သမီးရဲ့အမျိုးသားအစစ်ပါ....''

''ဟင့်အင်း..သူ့ဘာသာ အိပ်ပါစေ..''

''သမီးရယ်..အဲ့ဒီလို မလုပ်ပါနဲ့...''

ဒေါ်မြလေး ဘယ်လိုပြောရမှန်းတောင်မသိတော့ပေ။လင်မယားချင်းအတူ ပေးသိပ်လိုက်ရင်၊တစ်ခုခုများ သတိရလို့ရငြားနဲ့ပါ။ ဒါပေမဲ့ လက်မခံတဲ့ သူမလေးကိုလည်း အပြစ်မြင်လို့မရပေ။
မမှတ်မိတဲ့သူနဲ့ ဘယ်လိုနေချင်ရှာမလဲ။

အခန်းပြင်ကို အရီးမြ ထွက်သွားမှ သူမ သက်ပြင်းချလိုက်သည်။ကြံကြီးစည်ရာနဲ့လာပြီး ဟိုလူနဲ့ အတူအိပ်ဖို့ပြောနေတဲ့ အရီးမြကြောင့် လူက ထူထူပူပူတောင် ဖြစ်ရသည်။

''အရီးတို့က သမီးလေးကို ချစ်ပေမဲ့ မပိုင်ပါဘူးကွယ်.. အဲ့ဒါကြောင့် မောင်ရင်ခေါ်သွားမယ်ဆိုလည်း ပြောစရာမရှိပါဘူး..''

''ဟင့်အင်း..မလိုက်ဘူးနော်..သမီး လက်မခံဘူး''

သူနဲ့အရီးမြ စကားပြောနေတဲ့နားကို ချက်ချင်းဆိုသလို ရောက်လာပြီး မျက်နှာလေးပါ ပျက်နေတဲ့ချာတိတ်က အရီးမြဆိုတဲ့ အမျိုးသမီးနားကို အတင်းတိုးကပ်ထိုင်ရင်း သူ့ကို မကြည်သလိုလေး ကြည့်သည်။

''မဟုတ်ဘူးလေ..ချာတိတ်ရဲ့..ကိုယ်က''

''မြဖူးလို့ ခေါ်ပါ..ချာတိတ်မဟုတ်ဘူး...''

စက်ကွင်း ဘာပြောရမှန်းမသိတော့ပေ။ဒီပုံစံ အတိုင်းဆို သူမလေးကို ခေါ်လို့မလွယ်ကူမှန်း ကျိန်းသေသလောက်ရှိသည်။

''ကဲ..ကဲ..အေးအေးဆေးဆေး စကားပြောကြ၊အရီးမြ သွားအိပ်တော့မယ်နော်...''

''ဟုတ်ကဲ့..''

အရီးမြက အလိုက်တသိ ရှောင်ပေးသည်။
မှိန်ပြပြ မီးရောင်လေး အောက်မှာ ဘာမှမလူးခြယ်ထားတဲ့ မျက်နှာလေးက ဝင်းမွှတ်လျက်၊
ဘလောက်အင်္ကျီအဖြူပွပွလေးနဲ့ ကချင်ထဘီအနီရဲရဲလေးနဲ့ လှချင်တိုင်း လှနေ၏။

''ကိုယ်နဲ့ ဘာလို့မလိုက်ချင်တာလဲ..မြဖူးက''

''ဟင့်အင်း..မြဖူး ဒီရွာမှာဘဲ နေချင်တယ်...''

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Where stories live. Discover now