အခန်း၄(uni+zaw)

34.1K 674 14
                                    

(unicode)

အချိန်က ညနေ၆နာရီ။ ထမင်းစားခန်းထဲတွင် ဟင်းနွှေးနေရင်း အဆင်းရဲ့ စိတ်ထဲမှာ ပျော်လည်းပျော်ရသလို ကြည်နူးမိသည်။ ဒေါ်လေးနဲ့အတူနေတုန်းကလို အမြဲတမ်းကြောက်ရွံ့နေရတဲ့စိတ်မဟုတ်ဘဲ ကိုယ့်စိတ်ကြိုက်၊ချက်ပြုတ်ပြင်ဆင်နေရတာကို သူမကတော့ သဘောကျမိသည်။ ဦးစက်ကလည်း စားပြီးတည်းက အခန်းထဲဝင်သွားတော့ သူမတစ်ယောက်တည်း ပိုတောင်လွတ်လပ်သေးသည်။ တွေးနေရင်း
ဒီဘက် လျှောက်လာတဲ့ သူ့ကြောင့် သူမကိုင်ထားတဲ့ ဇွန်းလေး အသာချကာ အပြင်ထွက်လိုက်သည်။

''ဦးစက် ထမင်းစားမလို့လားဟင်...''

အပြင်သွားမဲ့ပုံစံနဲ့ ကျော့ကော့နေတဲ့ ဦးစက်ကိုမော့ကြည့်၍ မေးလိုက်သည်။ အမြဲတမ်း ကုတ်အင်္ကျီကို ကြယ်သီးမတပ်ဘဲ ထပ်ဝတ်အနေဖြင့် ဝတ်တက်တဲ့ ဦးစက်က သူ့ရဲ့စတိုင်ထင်သည်။ ပြီးတော့ အနားကပ်လိုက်တာနဲ့ နှစ်သက်စရာကောင်းတဲ့ကိုယ်သင်းနံ့က သူမရဲ့စိတ်ထဲကို အမြဲတမ်း ရှိန်းခနဲဖြစ်စေသည်။
ဖြူဝင်းနေတဲ့ ဦးစက်ရဲ့ မျက်နှာကို ငေးခနဲဖြစ်သွားရကာ သတိလက်လွတ်ကြည့်နေမိပြီးမှ မျက်လွှာပြန်ချကာ ပြောမဲ့စကားကို နားစွင့်ထားလိုက်သည်။

'' မစားတော့ဘူး...အပြင်သွားမလို့..''

''ဟင်..ဟုတ်လား...အဆင်းက ဟင်းတွေနွေးနေတာ၊ဦးစက် စားမယ်ထင်လို့....''

ချက်ချင်း မျက်ဝန်းလေးတွေ ညိုသွားတဲ့ သူမရဲ့ပုံစံလေးကို မြင်တော့ စိတ်ထဲတစ်မျိုးတော့ ဖြစ်သွားရကာ။

''မနက်မှ မင်းစိတ်ကြိုက် ချက်ကျွေးပေါ့...အခုက အရေးကြီးလို့...မသွားလို့မရဘူး...''

ထိုမျက်ဝန်းလေးတွေကို စိုက်ကြည့်ရင်း ဖြေရှင်းပေးနေတဲ့ သူရဲ့စိတ်ကိုလည်း နားမလည်တော့ပေ။ နေ့လည်ကတည်းက သနပ်ခါးလူးထားတဲ့ပုံစံလေးကို မျက်လုံးထဲ ဖျောက်မရတာ ဘာလို့မှန်းမသိ။ မိန်းမတွေနဲ့ အရောတဝင်နေဖို့စိတ်တောင်ကူးလို့မရခဲ့တဲ့သူက တစ်မိုးအောက်မှာ အခုတော့ ကြည်ဖြူစွာ လက်ခံပေးထားတာက ထူးတော့ထူးဆန်းသည်။

''အဲ့ဒါဆို...ဦးစက်က ပြန်မလာဘူးလား...''

သူ အိမ်ရှေ့ပြန်ထွက်လာတော့ သူမလေးကလည်း နောက်က လိုက်လာကာ။မသိရင်....
လင်မယားနှစ်ယောက်မှာ ယောကျာ်းဖြစ်သူအပြင်သွားမှာကို မှာနေတဲ့အတိုင်း....။

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Where stories live. Discover now