အခန်း၂၇(uni+zaw)

25.3K 420 10
                                    

(unicode)

''အိုး...အတော်လှတာဘဲ....''

ညနေခင်း ပွဲစပြီဆိုတဲ့အချိန်မှာ မြင်တွေ့ချင်နေတဲ့ကလေးလေးတွေရဲ့ အမေကို တွေ့လိုက်ရသည်။
နှစ်ထပ်ဇာနက်ပြာရောင်မှာ စိန်ပွင့်သေးလေးတွေပါပြီး တဖိတ်ဖိတ်လက်နေသော ဂါဝန်အကျပ်အရှည်လေးနဲ့ ဆံပင်တွေကို ခေတ်မှီစွာ သေချာထုံးဖွဲ့ထားပြီး တစ်ကိုယ်လုံး စိန်ထည်တွေနဲ့ပြိုးပျက်လက်နေ၏။မျက်လုံးဝိုင်းဝိုင်းလေးတွေမှာထူပိတ်နေသော မျက်တောင်ရှည်တွေက မီးရောင်အောက်မှာ ထင်းနေအောင်အထိ လှသည်။မိတ်ကပ်လူးထားတာကလည်း ပြေပြေလေးရှိပြီး ဘယ်လိုကြည့်ကြည့် ကျက်သရေရှိစွာလှပနေသည်။။လင်မယားနှစ်ယောက်လုံး လိုက်ဖက်ညီစွာ ရှိပြီး၊ဧည့်သည်တွေကိုပြောလိုက်၊ဇနီးသည်လေးရဲ့မျက်နှာကို အရိပ်လိုကြည့်လိုက်နဲ့ ထိုဘဲကြီးက အတော်ချစ်ပုံရသည်။

''အသားလေးက ဝါညှက်ဖြူနေတာဘဲ၊ကိုယ်လုံးလေးကလည်း တကယ်လှတာ''

''သူ့အမျိုးသား ချစ်တာလည်းမပြောနဲ့၊အတော်လှပြီး ချစ်စရာကောင်းတာကိုး''

''အေးနော်...ကလေးလေးတွေကိုလည်း မြင်ချင်လှပြီ...အိမ်ထဲမှာထင်တယ်...''

''နင်ကလည်း..ဟိုမှာ3Dနဲ့ ပုံတွေပြနေတာ..
ကြည့်ပါလား...''

''ဟိဟိ..တူမလားဟဲ့...အပြင်မှာလည်းတွေ့ချင်တာပေါ့...''

လာသမျှဧည့်ပရိတ်သတ်တွေကို လိုက်ဧည့်ခံနေတဲ့ စက်ကွင်းတို့ လင်မယားကို ကြည့်၍ တီးတိုးပြောနေကြသည်။မွေးကင်းစမှစ၍ အခုချိန်ထိပုံလေးတွေကို 3Dဖြင့် TVဖန်သားပြင်မှာ ပြသနေတာက ချစ်စဖွယ်ပုံရိပ်လေးတွေဖြစ်သည်။

''ကိုစက်တို့က ဇနီးကလည်းချော...သားတွေကလည်း ချောဆိုတော့ အားကျတယ်ဗျာ''

''ဟားဟား...အားကျရင် လူပျိုကြီးမလုပ်နဲ့လေဗျာ....''

''အမှီလိုက်ဖို့ အတော်ကြိုးစားရမယ်ဗျ....''

မွေးနေ့ပွဲမို့ လုပ်ငန်းကိစ္စတွေဘာတွေပြောမနေဘဲ အကုန်လုံးက စားကြသောက်ကြပျော်ကြပါးကြနဲ့စည်းကားသည်။ညနေခင်း၅နာရီမှ ၇နာရီထိ ကျင်းပမှာမို့ ခြံထဲမှာ ညနေဘက်တည်းက ဧည့်ပရိတ်သတ်တွေက အပြည့်။

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Where stories live. Discover now