အခန်း၁၅(uni+zaw)

28.5K 540 8
                                    

(unicode)

စက်ကွင်းရဲ့ မျက်နှာကြီး ညိုမှောင်နေရသည်။အရေးပေါ်ဖြစ်လာချိန်မှာ ရွာမှာဘာမှလုပ်လို့မရဘဲ မြို့အထိ ပြေးခဲ့ရသည်။တစ်လျှောက်လုံး သူမရဲ့ဆန္ဒကို ဘာမှမပြောခဲ့ပေမဲ့ ဒီလိုဆေးရုံ၊ဆေးခန်းမရှိတာကိုတော့ စိတ်ထဲဘဝင်မကျပေ။
ဆေးအရှိန်နဲ့ အိပ်မောကျနေတဲ့ သူမရဲ့မျက်နှာလေးကို ကြည့်ရင်း စိုးရိမ်စိတ်ကလျော့မသွားပေ။

''မရွှေအဆင်းရဲ့ လူနာရှင်ရှိပါသလား...''

''ဟုတ်ကဲ့..ကျွန်တော်ပါ...''

လာခေါ်တဲ့နာ့စ်မလေးရဲ့ နောက်ကို လိုက်သွားလိုက်သည်။သူမလေးကို စိတ်မချပေမဲ့ ဆရာဝန်က ခေါ်တယ်ဆိုတော့လည်း မသွားလို့ကမရ။

''ထိုင်ပါ...ရှင်က ဘာတော်တာလဲ''

''သူ့ခင်ပွန်းပါ..ဒါနဲ့..ကျွန်တော့်အမျိုးသမီးက ဘာဖြစ်တာလဲဗျ..''

ဆရာဝန်မရဲ့ အသက်က သူထက်နည်းနည်းလောက်ဘဲ ကြီးလောက်မည်။ဆေးစာအုပ်မှာရေးမှတ်နေရင်း သူမေးတာကို ခေါင်းညိမ့်ကာ။

''အမျိုးသားဆိုတော့ ပွင့်ပွင့်လင်းလင်းပြောပါမယ်၊ အဲ့ဒါမှ နောက်လည်းဆင်ခြင်မှာလေ''

''ဗျာ...''

ဘာရောဂါမလို့ သူနဲ့သက်ဆိုင်နေရတာလဲ။အတွေးများနဲ့ တစ်ယောက်တည်း ရှုပ်ယှက်ခက်သွားရသည်။ပြီးတော့ အနားမှာရပ်နေတဲ့ နာ့စ်မလေးကို ထိုဆရာဝန်မက အပြင်ကိုသွားဆိုတဲ့သဘောမျိုးနဲ့ မျက်နှာရိပ်ပြလိုက်တော့ သူပိုပြီးလန့်သွားရသည်။

''တခြားမဟုတ်ပါဘူး၊ ရှင့် မိန်းမနဲ့အတူနေတာဆင်ခြင်ရင်ကောင်းမယ်..ပထမဆုံးကိုယ်ဝန်လနုတဲ့အချိန်ဆို ကလေးလည်းအန္တရာယ်ရှိသလို၊မိခင်လည်း မလိုလားအပ်တဲ့ပြသာနာတွေဖြစ်လာနိုင်တယ်လေ၊အခုလည်း အဲ့ဒီကိစ္စကြောင့် ဒီအခြေနေအထိဖြစ်သွားရတာ''

''ကိုယ်ဝန်..အဲ့တာဘာကို ပြောတာလဲဗျ...''

သူ နားမလည်နိုင်စွာ မေးလိုက်သည်။တကယ်ကိုမသိခဲ့တဲ့ကိစ္စမို့ ရင်ထဲမြည်ဟီးသွားရသည်။

''ရှင့်ဇနီးမှာ ကိုယ်ဝန်ရှိနေတာ...မသိဘူးလား''

''ခင်ဗျာ...''

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Where stories live. Discover now