အခန်း၃၁(uni+zaw)

20.4K 400 4
                                    

(unicode)

အချိန်က ညနေ၄နာရီကျော်ကျော်။ အိပ်ခန်းကျယ်ကြီးထဲမှာ အမွှာနှစ်ယောက်က Tvကလာသော ကာတွန့်ကားကြည့်ရင်း ငြိမ်နေသည်။အဆင်းကတော့ သမီးလေးကို ပွေ့ကာ ခုတင်အစပ်မှာထိုင်ပြီးနို့တိုက်နေသည်။အနားမှာ လင်တော်မောင် ဦးစက်က အသက်ရှုသံခပ်မျှင်းမျှင်းနဲ့ ကဲချင်တိုင်းကဲပြီးတဲ့အခါ အိပ်မောကျနေတာ တုပ်တုပ်မလှုပ်။

''သားသား ကြိုက်တဲ့ ကာတွန့်ကား မလာတော့ မကြည့်ချင်တော့ဘူးကွာ...''

သားငယ်က သူ့အစ်ကိုနဲ့ ကြည့်နေရာက ထလာပြီး အဆင်းတို့သားအမိနား လျှောက်လာသည်။နှုတ်ခမ်းသေးသေးလေးကို စူပွပွလေးလုပ်ထားရင်း မျက်မှောင်လေးက တွန့်ထားသေးသည်။
တစ်ခုခုအလိုမကျလာတဲ့ပုံဖြစ်ပြီး ပွစိပွစိရေရွတ်ရင်း ခုတင်ပေါ် ကုတ်ဖက်တက်လာတော့ အဆင်းက သားရဲ့လက်မောင်းသားလေးကိုလှမ်းထိန်းကိုင်ရင်း ဆွဲတင်ပေးလိုက်သည်။

''သားငယ် မကြည့်ချင်တော့ဘူးလား''

''သားသားမှ မကြိုက်တာ မေမေကလည်း ''

''ဟိုမှာ..ကိုကိုတောင် ကြည့်နေတာကို၊ဘာလို့လဲကွယ်''

''ဟင့်အင်း... သားသား မကြိုက်ဘူး....''

''အင်း..အင်း..သားမကြိုက်ရင် မကြည့်နဲ့နော်''

အဆင်းလည်း နို့တိုက်နေရင်းမို့ ခပ်တိုးတိုးပြန် ပြောလိုက်ပြီး သူ့အဖေ့နား တိုးကပ်သွားသော သားကို ကြည့်နေလိုက်သည်။

''ဖေဖေ...''

''ဟယ်...မနှိုးနဲ့လေ သားရယ်၊ ဖေဖေ အိပ်ပါစေ''

ဦးစက်ရဲ့ပါးပြင်ကို လက်ကလေးတွေနဲ့ထိပြီး ၊အိပ်ယာနှိုးဖို့ပြင်နေတဲ့ သားကို လှည့်အော်ရသည်။ပြောလိုက်ပေမဲ့ ရယ်ကျဲကျဲမျက်နှာလေးနဲ့သူမကို နှုတ်ခမ်းကို လက်ကလေးနဲ့ပိတ်တဲ့ပုံစံလေးဖြင့် ရှုးခနဲ လုပ်ပြသေးသည်။

''ကဲ..နှိုးချင် နှိုးလိုက်တော့..အဲ့ဒါမှလည်း
သားငယ်ဖေဖေလည်း ထမှာ''

''ခစ်ခစ်...ဟုတ်ကဲ့..''

ညီလင်းစက်က မိခင်ရဲ့ခွင့်ပြုချက်ရတယ်ဆို၊
ချက်ချင်း သူ့အဖေရဲ့ ရင်ဘက်ပေါ်ကို ကိုယ်လေးလှိမ့်ပြီးတက်ကာ ဝမ်လျားလေးမှောက်ရင်း သဘောကျနေတော့သည်။

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Where stories live. Discover now