အခန်း၁၆(uni+zaw)

26.2K 496 5
                                    

(unicode)

ရွာက အရီးမြတို့အဖွဲ့တွေက စိတ်ပူပြီးလိုက်လာကြတာ မြို့ကဆေးရုံအထိ။ ရိုးရိုးတန်းတန်းဗိုက်အောင့်တာဟု ပြောပြီး၊ကိုယ်ဝန်ရှိနေတဲ့အကြောင်းလည်း ပြောပြလိုက်သည်။ဒါ့အပြင် အဆင်းရဲ့ မှတ်ညဏ်တွေပါ ပြန်မှတ်မိတဲ့ကိစ္စပါပြောပြတော့ အကုန်လုံးလည်း ဝမ်းသာကြကာ ဆေးရုံရောက်ခဲ့ပေမဲ့ ပျော်စရာကိစ္စတွေပဲမို့ အကုန်လုံးက တပြုံးပြုံးနဲ့ဖြစ်သည်။သတင်းလာမေးတဲ့သူတွေပြန်သွားပြီး၊ညနေဘက်မှ ဦးစက်နဲ့အတူ အဆင်းက ဆေးရုံကဆင်းရသည်။

''ဦးစက်...''

''ဗျာ...''

ကားမောင်းနေတဲ့ ဦးစက်ကို ကြည့်ပြီး အဆင်း ပြုံးလိုက်သည်။ အဖြစ်အပျက်က မယုံနိုင်စရာအထိ ဖြစ်သွားခဲ့ရတော့ ပြဇာတ်တစ်ပုဒ်အတိုင်း။
ကံကောင်းခြင်းတစ်ခုကတော့ ပျောက်နေတဲ့မှတ်ညဏ်တွေ ပြန်ရသလို၊ အရီးမြကစ၍ ဒီအတောတွင်းဖြစ်ခဲ့တဲ့ ကိစ္စတွေပါ မှတ်မိနေခြင်းဖြစ်သည်။ပြီးတော့ သူမကို မတွေ့၊တွေ့အောင်ရှာပြီး ချစ်ပေးတဲ့ ဒီအမျိုးသားကိုလည်း ကျေးဇူးအများကြီးတင်ရပါသည်။

''ပြောလေ...မိန်းမရဲ့..''

''ဦးစက်နော်...အဲ့ဒီလို မခေါ်ပါနဲ့ဆို''

''ကိုယ့်မိန်းမဖြစ်လို့ မိန်းမလို့ခေါ်တာ ဘာမှားလဲ''

''မသိဘူး...အဆင်း ရှက်တယ်...''

ရှက်နေတဲ့ ချာတိတ်ရဲ့ပုံစံလေးကို ကြည့်ပြီး နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိသည်။

''ကလေးလေးရနေမှတောင် ရှက်တာဘဲလား...''

''ဦးစက်နော်...ပြောပြန်ပြီ..''

အဆင်းက ရှက်ပြုံးလေးနဲ့ မျက်စောင်းထိုးလိုက်သည်။ဒီညနေခင်းလောက် သာယာနေတဲ့နေ့မျိုးမရှိပါ။ဗိုက်ထဲက ခလေးလေးကလည်း ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးတယ်ထင်သည်။ရွာကို ပြန်နေတဲ့ လမ်းဘေးက ရူခင်းလှလှလေးတွေကြည့်ရင်း ကြည်နူးရသည်။

''အဟွန်း..မစတော့ဘူး..ကိုယ့်ကို ဘာပြောမလို့လဲပြောလေ...''

''ဦးစက်..''

''အင်း...ပြော''

''အဆင်းလေ..ဒီရွာကအိမ်လေးပြီးရင် ၁လလောက်လာနေချင်တယ်..ရမလားဟင်''

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Where stories live. Discover now