အခန်း၉(uni+zaw)

28.5K 524 6
                                    

(unicode)

ဖုန်းပြောနေတဲ့  ဦးစက်ကို ငေးရင်း အဆင်းရဲ့မျက်နှာလေးလည်း ပြုံးနေရသည်။နှစ်ယောက်သား ပွင့်လင်းစွာ ချစ်မိပြီဆိုတော့လည်း ဘာလေးလုပ်လုပ်၊ဘယ်လိုနေနေ မျက်စိအောက်ကအပျောက်မခံနိုင်ကြ။အဆင်းက ဘီရိုရှေ့မှာ အဝတ်တွေ သိမ်းဆည်းနေရင်း ခဏခဏငေးမိနေတာဖြစ်သည်။ခရီးသွားခံနီးမို့ ကုတ်အင်္ကျီမီးခိုးရောင်နဲ့ ကြည်လင်ချောမွေ့နေတဲ့ ဦးစက်သည် သူမရဲ့ခင်ပွန်းဟုတွေးမိတာနဲ့ ရင်ထဲမှာသိမ့်ခနဲဖြစ်ရတဲ့အထိ ကြည်နူးရသည်။

''အေး...ခဏနေရင် ထွက်လာတော့မှာ..''

''...........''

''အိုခေ..အဲ့ဒီကိစ္စက မင်းမပူနဲ့တော့...''

''.............''

''အင်း..''

စက်ကွင်း ဖုန်းကို ကုတ်အင်္ကျီထဲ ထည့်လိုက်ပြီး၊သူမဆီ လျှောက်သွားလိုက်သည်။ဒီနေ့က သူခရီးထွက်ရမဲ့နေ့မလို့ စိတ်ထဲမှာ နေလို့သိပ်မကောင်းပေ။အရင်က စိတ်သွားတိုင်း ကိုယ်ပါပေမဲ့ အခုတွင်တော့ အိမ်သူသက်ထားလေးရှိနေသူမို့ နောက်ဆံတင်းနေရပြီဖြစ်သည်။

''ငြိမ်ငြိမ်နေပါ ပြောလည်းမရကွာ...''

ဘီရိုရှေ့တွင် ဘာတွေအလုပ်ရှုပ်နေမှန်းမသိတဲ့ အဆင်းရဲ့ခန္ဓာကိုယ်လေးကို နောက်ကနေသိမ်းဖက်ကာ ဂုတ်ပိုးသားဖြူဖြူနုနုလေးတွေကိုနမ်းလိုက်သည်။ပြီးတော့ ပုခုံးလေးကနေ အသာဖက်၍ မွေ့ယာအစပ်မှာအတူထိုင်လိုက်ကာ။

''ဦးစက်...မဖက်နဲ့လေ..အဆင်းခန္ဓာကိုယ်က ချွေးနံ့တွေကူးကုန်မယ်''

''ကူးပစေ...ဒီဘက်လှည့်ကွာ...''

''အဟင်း...လှည့်ပြီ..ပြော...''

ကြည်လင်နေတဲ့ မျက်နှာနုနုလေးကို ကြည့်၍ နဖူးလေးကို နမ်းမိသည်။ပြီးတော့ ပန်းရောင်သမ်းနေသော ပါးပြင်နုနုလေး။ သူမရဲ့ မျက်နှာလေးကို နှုတ်ဆက်တဲ့အနေဖြင့် အချိန်ကြာကြာယစ်မူးပြီးမှ မျက်နှာချင်းခွာကာ။

''ကိုယ် အမြန်ဆုံး ပြန်လာခဲ့မယ်..၊တစ်ခုခုဆိုရင် ကိုယ့်တပည့် ဝီလီကို ဖုန်းနဲ့အရေးပေါ်ခေါ်လို့ရတယ်...ပြီးတော့..facebookမှာ ကိုယ်နဲ့စာပို့လို့ရတယ်''

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Où les histoires vivent. Découvrez maintenant