ဒီနေ့က omma ဆုံးတာ နှစ်ပတ်လည်နေ့ဖြစ်တာကြောင့် omma အုတ်ဂူကိုသွားပြီး အပြန် omma လှူနေကြ မိဘမဲ့ဂေဟာက ကလေးတွေ အတွက် ဝယ်စရာ ရှိတာလေးတွေ ဝယ်ရန် shopping ထွက်လာခဲ့တယ်..
Shopping mall ရောက်တော့ ကလေးပစ္စည်းဆိုင်တွေမှာ အဝတ်အစား အရုပ်နဲ့ အသုံးအဆောင်မျိုးစုံကို လိုက်ဝယ်ရင်း ရေခဲမုန့်စားချင်လာတာကြောင့် သက်တော်စောင့် Hyung ကို
" Hyung ကျွန်တော်ရေခဲမုန့်စားချင်တယ် "
..သူ့ရဲ့ mall ကို အလှလေးရောက်နေတယ်လို့ သတင်းရတာနဲ့ ချက်ချင်းဆိုသလိုပင် ရုံးခန်းကနေထွက်လာကာ mall ထဲ စစ်ဆေးနေသလိုနဲ့ အလှလေးနောက်ကို ဖြေးဖြေးချင်းလိုက်ကြည့်နေလိုက်တယ်..
အလှလေးက ဘေးက သက်တော်စောင့် ကို ဘာတွေပူဆာနေလည်းမသိ ခေါင်းလေးမော့ကာ နှုတ်ခမ်းလေးဆူပြီး ပူဆာနေတာက ကလေးတယောက်လိုပင်
သက်တော်စောင့်က သူထက် ခေါင်းနှစ်လုံးစာလောက် အရပ်ရှိတာကြောင့် အလှလေးက ပို၍ ပင်သေးနေသယောင် ဖြစ်ကာ ပူဆာနေတဲ့ ပုံလေးကြောင့် ကလေးက သူ့အဖေကို ပူဆာနေသလို..
ဒါပေမယ့် အလှလေးရဲ့ မျက်နှာက အရင်မြင်ဘူးသလိုလောက်တော့ မလန်းဆန်းနေ
ဒီနေ့မှ နှစ်ယောက်ထဲ လာတာလား အနားမှာ ဘယ်သူမှ မတွေ့ သက်တောင်စောင့်ထွက်သွားတော့ ထိုဆိုင်ထဲက ဆိုဖာမှာသာ ထိုင်ပြီး အကျီ ရွေးနေတဲ့အလှလေး
ထိုအချိန် Taehyung နားသို့ ယောက်ကျားတယောက်ရောက်လာပြီး Taehyung ခြေထောက်ချိတ်ထိုင်နေတဲ့ ခြေထောက်ကို သိသိသာသာ ဝင်တိုက်သွားတာကြောင့် ချိတ်ထိုင်ထားတဲ့ ခြေထောက်က ပြေသွားကာ လူက အနည်းငယ်စောင်းသွားသည် ဒါကိုသ်ိသိကြီးနဲ့ တောင်းပန်စကားတောင်မဆိုတဲ့ ထို ယောက်ကျား
" လူတယောက်ဝင်တိုက်ပြီးရင် တောင်းပန်ရမယ်ဆိုတာ မသိတာလား "
" အို အလှလေးက ခံချင်တာလား "
" ဘာ "
" တောင်းပန်ခံချင်နာလားလို့ "ဘာ ဆိုတဲ့ စကားအနောက်မှာ အပြုံးတချက်ပြုံးပြီးသည်နှင့် ချက်ချင်းမျက်နှာတည်သွားကာ ထိုလူရှိရာစီသို့ တည့်တည့်လျှောက်သွားလိုက်ပြီး ထိုလူရဲ့ငယ်ပါကို ဒူးခေါင်းနဲ့ စောင့်ကာ ဆံပင်ကနေဆွဲလို့ တရွတ်တိုက်ဓာတ်လှေကားရှိရာစီသို့ ဆွဲခေါ်သွားတော့တယ်..
YOU ARE READING
VEX (complete)
Fanfiction🚨🔞 warning fic 🔞🚨 မည်သူ တဦးတယောက်ကိုမှ ထိခိုက်လိုစိတ်မရှိတာကြောင့် မကြိုက်ရင် မဖတ်ပါနဲ့လို့ပြောချင်ပါတယ် ရှင့်