အိမ်ခန်းထဲကို ပြေးဝင်လာတဲ့ Taehyung
ကြောင့် Jeon မှာ လန့်တောင်လန့်သွားရှာတယ် မသိရင် တခုခုဖြစ်လာသလို" ဘေဘီ ဘာဖြစ်လာတာလည်း "
" ဘာဖြစ်ရမှာလည်း ပြောစမ်းပါအုံး ခင်များက သူများကို ကာကွယ်လိုက်တာပါဆို "
" အကုန်သိသွားပြီပေါ့ "
" မေးတာဖြေလေ ခုရှပ်ထိရုံပဲ မို့လို့ပေါ့ မဟုတ်ရင် ဘယ်လိုလုပ်မလည်း ""ဘေဘီက စိတ်ပူတာလား "
" မဟုတ်ဘူးပါဘူး မကျေနပ်တာ "
" ဘာလို့လည်း ဘေဘီရဲ့ "" ကျွန်တော်ကို ကျ တသက်လုံးချစ်သွားမယ်ပြောပြီး တခုခုဖြစ်သွားရင် ခင်များတသက်လုံးချစ်သွားမယ်ဆိုတဲ့ စကားက ဘာဖြစ်သွားမလည်း အလကားပဲလေ.
ခုလုပ်ပုံက ခင်များကျွန်တော်ကို တကယ်မချစ်လို့ဆိုတာ သေချာနေပြီ.. ခင်များသာ တကယ် ချစ်တယ်ဆို သူများကို ကာကွယ်သလို ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ရမှာပေါ့ အဲ့တာမှ ကျွန်တော်ကို ပေးထားတဲ့ ဂတိတည်မှာလေ.. "ကျွန်တော် ရှေ့မှာ နှုတ်ခမ်းတထော်ထော်နဲ့ လက်ဟန်ခြေဟန် အစုံနဲ့ ပြောနေတဲ့ ဘေဘီ ကို ပြုံးပြုံးကြီးကြည့်နေမိတယ်..
စကားပြောနေပုံလေးက အရမ်းချစ်ဖို့ကောင်းနေတယ်..
သူစိတ်ပူတာကိုပွင့်ပွင့်လင်းလင်းမပြော ပဲ သွယ်ဝိုက်ပြီး ရစ်နေတဲ့ အဆိုးလေးကို စိတ်ရှိလက်ရှိ ဆွဲ ဖတ်လိုက်ချင်ပေမယ့် ဒဏ်ရာ
ကြောင့် လှုပ်လို့မရ..မဟုတ်ရင် မြန်မြန် မကျက်ပဲ ကြာနေမှ ဖြင့်
ဘေဘီကို ချစ်ဖို့ အချိန်တွေ နည်းသွားပါအုံးမယ်လေ.." ဘေဘီ ကိုယ့်ကို ဖတ်ထားပေးလို့ရမလား "
" ကျွန်တော်ပြန်တော့မှာ "
" ဘေဘီကလည်း ဒီမှာ အိပ်လို့မရဘူးလား "" ကျွန်တော် ခင်များမရှိတုန်း Club မှာ သွားသောင်းကျန်းမလို့ "
" ဘေဘီ! !! အာ့ "
" Jeon ဘာဖြစ်တာလည်း "ရွဲ့နေပေမယ့် ကျွန်တော်အော်သံလည်း ကြားရော အနားကိုပြေးလာကာ စိတ်ပူနေတဲ့ ဘေဘီက ခုဏ အဆိုးလေးမဟုတ်တော့..
" နာလို့ပေါ့ "
" ခင်များ ငြိမ်ငြိမ်နေလေ "
" ဖတ်ထားပေးလို့မရဘူးလား "
YOU ARE READING
VEX (complete)
Fanfiction🚨🔞 warning fic 🔞🚨 မည်သူ တဦးတယောက်ကိုမှ ထိခိုက်လိုစိတ်မရှိတာကြောင့် မကြိုက်ရင် မဖတ်ပါနဲ့လို့ပြောချင်ပါတယ် ရှင့်