23

10.9K 507 3
                                    

တပတ်လောက် အကြာမှာ ကျွန်တော်အနာလည်း ကျက်ပြီ ချုပ်ရိုးလည် ဖြည်ပြီးလို့ ပတ်တီးပါ စီးစရာ မလိုတော့တဲ့ အချိန် ထိ အနားမှာ အချိန်
ပြည့်နေပေးခဲ့တဲ့ ဘေဘီ..

တပတ်လုံး ဂရုတစိုက်အနားမှာနေပေးကာ အိပ်ချိန်တိုင်း ဖတ်ထားပေးတဲ့ ဘေဘီ..

ဒါပေမဲ့ အရာအားလုံး ဂရုတစိုက် စိတ်ပူပေးခဲ့ပေမယ့် ကျွန်တော်က သာ ချစ်တယ် တဖွဖွ ပြောနေတာ ဘေဘီက တော့ ကျွန်တော်ပြောတိုင်း ပြုံးပြီးသာ စကားလမ်းကြောင်းလွဲလွဲသွားတယ်..

ခုလိုဂရုစိုက်နေတာနဲ့တင် ဘာလို့ဆိုတာ သိပေ
မယ့် ကြားချင်တယ် ဘေဘီ စီက ချစ်တယ်ဆိုတဲ့စကားလေးကို ကြားချင်မိတယ်..

တပတ်သာကြာသွားတယ် မကြားခဲ့လိုက်ရ..ခုတော့ ဘေဘီက ပြန်တော့မယ်တဲ့..

ပြန်မလွှတ်ချင်သေးဘူး..အမှန်တိုင်းပြောရရင် တူတူ နေချင်ပြီ.. ဒါပေမဲ့ အဖြေတောင်မရသေးတဲ့ ကျွန်တော်က လက်ထက်ခွင့် တောင်းဖို့က မဖြစ်နိုင်သေးဘူးလေ..

" Jeon ကျွန်တော်ပြန်တော့မယ် "
" ဘေဘီ မပြန်လို့မရဘူးလား "
" မရဘူး ခင်များလည်း သက်သာနေပြီပဲ "
" ဒါပေမဲ့ "
" တော်လောက်ပြီ သွားတော့မယ် "

ပြောမရတဲ့ ဘေဘီက သူ့ရဲ့ ကားပေါ်တောင်ရောက်လို့ မောင်းတောင်ထွက်သွားလေပြီ..ကျွန်တော်မှာတော့ အိမ်ရှေ့တံခါးဝမှာသာ ရပ်နေမိသေးတယ်

" တော်ရုံပဲ ကောင်းတယ်ကွာ တပတ်လုံး အနားမှာ ရှိနေပေးခဲ့တာပဲ သူလည်း ပြန်ချင်မှာပေါ့ "

"ဟင့်အင်း တသက်လုံးတူတူနေချင်တာ "

" ဒါဆို လက်ထက်ခွင့်တောင်းလိုက်ပေါ့ "

" အဖြေတောင်မရသေးဘူး "
" အဖြေက သိသင့်နေပါပြီကွာ "

" သိတယ် ဘေဘီ ပြောတာ လိုချင်တာ "
" တော်တော် တော့ စောင့်ရမယ်ထင်တယ် "

" ရတယ် ဘယ်ချိန်ဖြစ်ဖြစ် "
" အလုပ်ကိစ္စလေးဆက်ကြတာပေါ့ကွာ "
....

ခြံရှေ့ကနေ ဟွန်းကို တံခါးမပွင့်လာမခြင်း တီးကာ တံခါးပွင့်လာတာနဲ့ ခြံထဲကို မောင်းဝင်လာကာ စဥ်ဝင်အောက်မှာ ရပ်လိုက်ပြီး နောက်ဖုံးထဲက ဂေါက်တံတချောင်းကို ဆွဲထုတ်လိုက်ကာ အိမ်ထဲကိုဝင်မယ်အလုပ်

VEX  (complete) Where stories live. Discover now