11

15.6K 698 2
                                    

ကျွန်တော် ဝယ်လက်နဲ့တွေဖို့ ကျွန်တော်ရဲ့
အမှောင်အိမ်တော်သို့ ထွက်လာခဲ့လိုက်တယ်

အိမ်တော်မှာတော့ အစားအသောက်နဲ့ ဧည့်ခံဖို့ အတော်ဆုံး စားဖိုမှုးကို ငှားကာ အိမ်မှာ ချက်ခိုင်းထားပြီး အဆင်သင့်ပြင်ဆင်ထားခိုင်းလိုက်တယ်..

ကျွန်တော်ရောက်တော့ သေချာပြင်ဆင်ထားတဲ့ အစားအသောက်ဝိုင်းကြောင့် စိတ်တိုင်းကျခဲ့သည်

ည 7 နာရီလောက်မှာ ရောက်ချလာတဲ့ တရုတ်က ဝယ်လက်ဖောက်သည်ကြီး Mr.wuuyi

" Mr. wuuyi ကြွပါဗျာ "
" Mr.hobi မတွေ့တာကြာပြီပဲ "
" ဟုတ်တာပေါ့ဗျာ အထဲမှာ Mr.Jeon စောင့်နေတယ် "

" ok ဗျာ "
" Mr.wuuyi မတွေ့ရတာကြာပြီဗျာ "
"ခုတော့ တွေ့ချင်တဲ့သူကရောက်လာပြီပေါ့ Mr.Jeon "

" ထိုင်ပါဗျာ စားရင်းပြောကြတာပေါ့ "
" ဟာ ပြင်ဆင်ထားတာတွေ အတွက် ကျေးဇူးပါ ဗျာ "

"မလိုပါဘူးဗျာ သုံးဆောင်ပါအုံး အကြိုက်တွေ့ပါမလားတော့မသိဘူး ဗျ "
" အင်းးးဒါနဲ့ ဒီတခေါက်ပစ္စည်းတွေက ပိုမိုက်လာတယ်နော် "

" ရှယ်တွေပို့ပေးလိုက်တာ ကြိုက်တယ်မဟုတ် လား "

" ကြိုက်တာပေါ့ ဗျာ အဲ့လိုဆိုတော့ ကျွန်တော်ဘက်မှာ ပြန်ရောင်းရတာလည်း မျက်နှာလှတာပေါ့ဗျာ ကျွန်တော် ဝယ်လက်တွေကလည်း
ဘောစိတွေဆိုတော့လေ "

" ဟုတ်တာပေါ့ဗျာ "
....

ဘူဆန်ကနေ အိမ်ပြန်ရောက်ထဲက လူက မလန်း line ပေါ်မှာလည်း သူတို့နှစ်ယောက်ရဲ့ သတင်းကပျံ့ လို့ ဒီလောက်ကတော့ စိတ်ကို မဝင်စားတာ

ဒါပေမဲ့ စိတ်ဝင်စားတဲ့သူက ရှိနေတယ် မွေးသဖခင်ကျေးဇူးရှင်ကြီးပေါ့ တမနက်လုံးဖုန်းခေါ်နေတာ ခုထိပဲ

ခုလည်း သက်တော်စောင့်ကိုပါ ခေါ်ခိုင်းနေတာကြောင့် စိတ်မပါပဲ အဲ့ဒီ စံအိမ်တော်ကြီးကို ကြွရပြန်ပြီ

စံအိမ်တော့ရောက်သည်နှင့် ဧည့်ခန်းက ဆိုဖာပေါ် ပြစ်ထိုင်လိုက်ကာ ခေါင်းကို ဆိုဖာပေါ်မှီရင်း

" ပြောမယ်စကားသာ မြန်မြန်လေးပြော နားညီးမယ်ဆို ခုထဲက ပြန်တော့မယ် "

VEX  (complete) Where stories live. Discover now