13

15.1K 629 0
                                    


" ဘေဘီ ဘာစားချင်လည်းကိုယ်ချက်ကျွေးမယ် "
" ကျွန်တော်အိမ်မှာ ဘာမှ မရှိဘူးချက်စရာ "
" ဝယ်ခိုင်းလိုက်မှာပေါ့ "
"ok အပြင်လည်း မထွက်ချင်ဘူး ခင်များချက်ကျွေးတာ စားမယ်လေ "

သက်တော်စောင့်တယောက်ကို လိုအပ်တာတွေ ဝယ်ခိုင်းလိုက်ပြီး ..ရောက်လာတော့ နေ့လည်စာချက်ပေးနေတဲ့ Jeon.. သူက ဒီလိုတွေလည်း လုပ်တက်သေးတာပဲလား..

" ခင်များမလုပ်တက်တာဘာရှိလည်း.."
" ကိုယ်လား ဘေဘီ လိုချစ်ဖို့ကောင်းအောင်တော့
မလုပ်တက်ဘူး "
" ဟက် ဟာသပဲ ခင်များက "

ဖင်ထိုင်ခုံမှာ မထိုင်ပဲ ထမင်းစား စားပွဲခုံပေါ်မှာထိုင်ရင်းမေးလာတဲ့ အလှလေး ကျွန်တော်ဖြေလိုက်တော့ သဘောတကျပြုံးလိုက်တဲ့ အပြုံး..

ဂျစ်ကန်ကန် အဆိုးလေးနဲ့ မှ မလိုက် ထိုအပြုံးက ချစ်ဖို့ကောင်းနေသည်..

" ခင်များ အလုပ်တွေကို သိလို့ရမလား "

ဘေဘီ အမေးကြောင့် အသားလှီးနေတဲ့ လက်တို့ရပ်ကာ..

" ဘေဘီမသိတာပဲ ကောင်းပါတယ် "

" အာ.. sorry ကျွန်တော်က အဲ့လောက်ထိ သိခွင့်ရှိတဲ့သူမှ မဟုတ်တာ "

" မဟုတ်ဘူး ဘေဘီ..ကိုယ်ပြောပြမယ် "
" No စိတ်မဝင်စားတော့ဘူး "
" ဘေဘီ "

" ချက်စရာ ရှိတာချက်တော့ အိမ်ရှေ့မှာ စောင့်နေမယ် ရရင်ခေါ်လိုက် "

ခုံပေါ်က ဆင်းကာ အိမ်ရှေ့သို့ ထွက်သွားပြီးဖြစ်တဲ့ ဘေဘီ..

ကျွန်တော် အကြောင်းတွေ ဘေဘီ က အနည်းအများတော့ သိနေတယ် ဆိုပေမယ့်. မသိစေချင်ဘူး ဒီလိုအရှုပ်တွေထဲ မပါစေချင်ဘူး..

ဒါကိုဘေဘီ ကနားမလည်ဘူး...
...

"ဘေဘီ စားလို့ ရပြီ "

ကျွန်တော် ချပေးလာတဲ့ ပန်းကန်ထဲက က ခေါက်ဆွဲတို့ကို ခပ်ပြီး တလုပ်စားကြည့်ကာ..ရှေ့တည့်တည့်က ကျွန်တော်ကို ကြည့်လာပြီး မျက်ခုံးလေးပင့်ကာ

" ခင်များက တော်သားပဲ ကျွန်တော် အကြိုက်တွေ့အောင်ချက်နိုင်တယ် "
" ဒါဆို ဆုချမလား "

ကျွန်တော်တောင်းဆိုကြည့်လိုက်တော့ ခရွင်းဖြင့် ခေါက်ဆွဲတို့က်ို လိမ်ရင်း

VEX  (complete) Where stories live. Discover now