ဟိုနေ့က အဖြစ်အပျက်ပြီးထဲက ပျောက်သွားလိုက်တာ တပတ်တောင်ကျော်ပြီ .အလှလေးအိမ်နား အစောင့်ချထားတော့လည်းအစောင့်ပြောပုံအရဆို အိမ်ထဲက အိမ်ပြင်တောင်ထွက်ပုံမရဘူး..
ဘာလို့များလည်း မသိပေမဲ့ ဒီက ကောင်က အရမ်းတွေ့ချင်နေတာ မင်းမသိဘူးလား အလှလေးရာ..
ဒီနေ့ ပညာရေးနဲ့ အနုပညာ ဝန်ကြီး ရဲ့ မြေး ဖြစ်သူရဲ့ မွေးနေ့ကြောင့် ပွဲတခုတက်ရအုံးမည်..
လူမှုရေးအရ တက်ရတာဖြစ်တာကြောင့် မွေးနေ့ပွဲဆိုတာမျိုးကြီးကို မတက်ချင်ပဲ တက်ရခြင်းဖြစ်သည်..
မြေးက အသက် 24 ပြည့်တာတဲ့ ဒါဆို ကလေးလေး မဟုတ်တာပဲ တော်သေးတယ်လို့ပြောရမည်.. မဟုတ်ရင် ကလေးကုလားနဲ့ ဘောလုံးတွေကြားနေရအုံးမှာလေ
အချိန်အားဖြင့် ည 7 နာရီလောက်မှာ ထိုမွေးနေ့ပွဲကိုရောက်ရှိလာခဲ့တယ် ဟိုရောက်တော့ စီးပွားရေးလောက သားအချင်းချင်းတွေစုံ နှုတ်ဆက်ပြီး စကားပြောကြရင်း
ကျွန်တော် ၏ နှစ်ယောက်မရှိတဲ့ အကို ကိုပါတွေ့လိုက်ရတာကြောင့် အံ့သြမိသေး တော်ရုံဘယ်ပွဲမှ မတက်တဲ့ သူက မွေးနေ့ပွဲလို နေရာမျိုးကို တက်တယ်ဆိုတော့
" hyung ဘယ်လိုဖြစ်လို့ "
" အံ့သြမနေနဲ့ ငါ့ကောင်လေး မွေးနေ့မို့လို့ "
" ဘယ်လို Hyung ကောင်လေး "
" ဟိုမှာတွေ့လား အဲ့တာ မွေးနေ့ရှင် Park jimin တဲ့ မင်းမွေးနေ့ရှင်တောင်မသိပဲ မွေးနေ့လာတာလား "
" ဆိုပါတော့ "အနောက်ကနေ အော်သံကြားလို့ လှမ်းကြည့်မိလိုက်တော့
" ရားးး Kim Taehyung! !!! ချီးပဲ ဒီချိန်မှ လာတယ် စောစောလာပါဆိုတာကို "
" ဒီချိန်လာလည်း မှီသေးတာပဲ ကို "
" လာ ငါ့ကိုကို နဲ့ မိတ်ဆက်ပေးမယ် "
" အေး "
...ကျွန်တော်ကို Jimin က သူ့ကိုကို နဲ့ မိတ်ဆက်ပေးမယ်ဆိုလို့ လိုက်လာခဲ့တာ ကျွန်တော် လှမ်းမြင်လိုက်တာက CEO Jeon.. Jimin သွားနေတာကလည်း ထိုလူရှိရာစီသို့ ..jimin ကိုကို က CEO Jeon လား ဒါဆို
" ဟေ့ရောင် ဒီမှာ ငါ့ကိုကို Min suga တဲ့ "
" အာ ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် "
YOU ARE READING
VEX (complete)
Fanfiction🚨🔞 warning fic 🔞🚨 မည်သူ တဦးတယောက်ကိုမှ ထိခိုက်လိုစိတ်မရှိတာကြောင့် မကြိုက်ရင် မဖတ်ပါနဲ့လို့ပြောချင်ပါတယ် ရှင့်