35

11.5K 467 1
                                    

" ချစ်တယ် "

အနောက်ကလှမ်းပြောလိုက်တဲ့ စကားလေး
ကြောင့် ခြေလှမ်းတွေကတုန့်ခနဲ ဖြစ်ကာ ကုတင်ပေါ်သို့ပြေးတက်သွားတဲ့ Jeon ကြောင့် ကုတင်ပေါ်မှာ ရှိနေတဲ့ Tae တောင် အနဲငယ်မြောက်တက် သွားတော့တယ်

" ရားး Jeon Jungkook!!! ဘာလို့ပြေးတက်လာတာလည်း "
" ဘေဘီ ခုဏဘာပြောလိုက်တယ် ကိုယ့်ကို ချစ်တယ် ဟုတ်လား ဘေဘီ "

" ခင်များလည်း အသက်ကြီးလာလို့ နားတွေလေးလာပြီထင်တယ် "
"ထပ်ကြားချင်လို့ပါ ဘေဘီရာ တခါလောက် ထပ်ပြောပေးပါလား "
" ပြောချင်တော့ဘူး "

Tae ကို အတင်းတွေဖတ်ကာ ခန္တာကိုယ်ကြီးမှ အားမနာပဲ ရင်ခွင်သေးသေးလေးထဲ အတင်းတွေ တိုးဝင်ကာ ချွဲလာတဲ့ Jeon

" ပြောပါနော် တခါလောက်ဘနော်လို့ ဘေဘီ "
" ဖယ်ဗျာ ဘာလို့အတင်းတွေ ဖတ်ထားနေတာလည်း လွှတ် "

" လွှတ်ဘူး ပြောပါ ဘေဘီရာ နော် လို့ "
"မပြောဘူး "
" မပြောဘူးပေါ့ ဟုတ်လား "

မေးလိုက်တော့ ခေါင်းညိတ်ပြလာတဲ့ Tae ရဲ့ ခါးလေးကို ဂလိထိုးလိုက်တော့ အော်ရယ်သံတွေနဲ့ အတူ အိပ်ယာပေါ်မှာလည်း နှစ်ဦးသား လုံးထွေးရင် အိပ်ယာပေါ်မှာလည်း သူတို့နှစ်ယောက်အပြင် အခြားဘာမကိုမရှိတော့..လွှင့်ကျသွားပြီဖြစ်တဲ့ ခေါင်းအုံးလေးတွေနဲ့ စောင်လေးတွေက ကြမ်းပြင်မှာပုံလို့..

စကားပြောဖို့ အိမ်ပေါ်ကို တက်လာကာ တံခါးခေါက်ခါနီးမှာ အထဲက အသံတွေကြောင့် တံခါးခေါက်မယ့်လက်တွေကတွန့်လို့ လူပျိုကြီးခင်ဗျာ သက်ပြင်းရှည်ကြီးချကာ ခေါင်းတရမ်းရမ်းနဲ့ ပြန်ဆင်းသွားရတော့တယ်...

" ဟား ဟား ဟား Jeon တော်တော့ သေတော့မယ် ဘေဘီ အူတွေနာလာပြီ Daddy လို့ "

" ပြောကွာ တခါလောက်ထပ်ပြောကွာ "

" ချစ်တယ် ချစ်တယ် ချစ်တယ် ဗျာ ရပြီလား "

အဲ့တော့မှ ပဲ ကလိထိုးထားရပ်ပေးတော့တယ်..Tae မှာတော့ ရီလိုက်ရတာကြောင့် ဗိုက်ကြောတွေနာကာ ဗိုက်ကလေးကို လက်ကလေးနဲ့ ထိပြီး

" ဗိုက်ကြောတွေ နာကုန်ပြီ ခင်များကြီးကလေ လူကိုနည်းမျိုးစုံနိပ်ဆက်တယ်နော် ခုဏလည်း လုပ်ထားတဲ့ တာကြောင့်နာနေတာကို ခင်များကျွန်တော်ကို ချစ်တာရော ဟုတ်လို့လား "

VEX  (complete) Donde viven las historias. Descúbrelo ahora