🍓1🍓

11.5K 740 71
                                    

Unicode...

" ကျနော် အိမ်ထောင်မပြုချင်ဘူး မား "

" but sweetie  "

" မား ကျနော်alphaတစ်ယောက်တကယ်မလိုအပ်ဘူး ကျေးဇူးပြု၍ ထပ်ပြီးကြင်ဖက်တွေ့တာတွေမလုပ်နဲ့တော့နော် ok။ "

‌ခပ်အီအီတောင်းပန်လာတဲ့ခါ သူမတကယ်ပင် အျကပ်ရိုက်ရတော့သည်။ ဖိအားလည်း ကလေးလေးကို မပေးချင်ပါ သို့ပေသိ ဒီဟာကလည်းလုပ်ကိုလုပ်ရမည်လေ။

" my lovelyမားက စိတ်လျှော့ပါကွာ နော် "

" … "

" သားက လုံလုံလောက်လောက်သန်မာပါတယ်၊လက်ထပ်ဖို့မလိုပါဘူး။ "

" ok ok ဒါပေမယ့်မားဒီတစ်ခေါက်တွေ့ပေးမယ့်လူတော့ မင်းသွားတွေ့ပေးရမယ်ပြီးရင် နောက်တစ်ခေါက်ဆိုတာမရှိစေရဘူး။ "

" umm... "

" ငြင်းလို့မရဘူး sweetie "

" နောက်တစ်ခေါက်ဆိုတာမလုပ်တော့ဘူးဆို လက်ခံတယ် "

" လိပ်စာပို့ပေးလိုက်မယ် သေချာတွေ့ခဲ့နော် ‌ပတ်တာဆန်မိသားစုကိုတော့ငဲ့အုံး။ "

" your lovely jiminက အရမ်းသိမ့်မွေ့ပါတယ် don't worry "

သူမအတွက် ထိုသို့သော ပုန်ကန်မှုသေးသေးလေးအား ထိုကောင်လေးအရွယ်ရောက်လာတည်းက ခံလာခဲ့ရတာပင်။ပတ်တာဆန်မိသားစုရဲ့သားသမီးတွေထဲ တစ်ဦးတည်းကomegaလေးသည် ငယ်စဉ်တည်းက လက်မထပ်ဘူးဟုတစ်အိမ်လုံးကို ပုန်ကန်ကြွေးကြော်ခဲ့သည်။ဘယ်တတ်နိုင်ရှာလိမ့် omegaဆိုမှဒီတစ်‌ယောက်သာရှိသည်မို့ တစ်မျိုးလုံးကသည်းသည်းကဲကဲ အလိုလိုက်ခဲ့ကြသည်။သို့‌ပေမယ့် အိမ်ထောင်အတည်တကျလေးတော့ဖြစ်‌စေချင်တဲ့ အမေဖြစ်သူသူမကတော့ မရရအောင်စည်းရုံးနေဆဲပင်။

လက်ထပ်ရမယ့်အရွယ်တိုင်လာတော့လည်း သူ့အားအတင်းလက်ထပ်ခိုင်းမည်စိုး၍လားမသိ ကမ္ဘာတစ်ခြမ်းက နေရာတွေမှာသာ ကူးချည်သန်းချည်လုပ်နေတော့သည်။ထိုကိစ္စနှင့်ပက်သက်၍ သူမမှာ လူဆိုးမကြီးပင်ဖြစ်ရသည် အဘယ်ကြောင့်ဆိုသော် သူမတို့အိမ်ကomegaလေးခုလို ခွဲထွက်သွားခြင်းက အတင်းကြင်ဖက်တွေ့ခိုင်းသော သူမကြောင့်ဟုဆိုကာ အဘိုးအဘွားဦးလေးအဒေါ်များသာမက မွေးထားသည့်ထိုက‌လေးအစ်ကိုအစ်မတွေကပါ သူမကိုစိတ်ကောက်ခဲ့ကြသေးသည်။

[JIMIN PARKTERSON @AOB]Where stories live. Discover now