🍓5🍓

4.8K 510 68
                                    

Unicode..

ပထမဆုံး villaထဲ ဝင်ဝင်ချင်း omegaလေးရဲ့ ပြိုင်ကားရောင်စုံတွေ အတန်းလိုက်အစီလိုက်ကို မြင်ရသည်။ အဲ့ဒီ့ဟာတွေက ကားဂိုဒေါင်မဆံ့လို့မှ အပြင်ထုတ်ထားတာ ဖြစ်မြှဖစ်ပါစေလေ။

" အိမ်မှာ ဘယ်သူမှမရှိဘူး၊ခင်ဗျား လွတ်လွတ်လပ်လပ်ကြည့်လို့ရတယ်။ "

" မင်းသူငယ်ချင်းတွေရော? "

" သူတို့က ဒီချိန်ဆို အမြီးတောင်ဖမ်းမရဘူး။ "

Jiminမှာ အထုတ်တွေအသွယ်သွယ်ကို ဧည့်ခန်းထဲချလိုက်ပြီး ရေတစ်ခွက်သွားထည့်လိုက်သည်။

" ကျေးဇူး... " ဘဲလို့တောင် Jungkookမပြောရသေးပါချေ၊ လှမ်းလိုက်တဲ့လက်ကလေးကိုပြန်ရုတ်လိုက်ရသည် သူ့အတွက်ခပ်ပေးတာမဟုတ်ဘူးဘဲ။

" ကျနော်ရေ‌ဆာနေလို့ ၊ စိတ်မကောက်နဲ့နော်။ "

လက်ညိုးလေးကို ဟိုဘက်ဒီဘက်ယမ်းပြပြီး ရေသန့်ဘူးလိုက် ချပေးလာသည်။

" အဝသောက် ကျေးဇူးတင်စရာမလိုဘူး။ "

Jungkookမှာ ဒီဟာလေးကြောင့် တည်တည်ငြိမ်ငြိမ်တောင်ဘယ်လိုနေရမလဲမသိတော့၊ ရင်ခံနေတာတွေ ရေခဲရေနဲ့မျောပါသွားရင် ကောင်းလိမ့်မည်။

" ကျေးဇူးတင်ပြီး ကိုယ်က လူကြီးလူကောင်းဆန်ပြရတယ်လေ။ "

" အာ အဲ့လိုဆိုက်ကြီးဂိုက်ကြီး အထာတွေကကျနော်မှမသိတာ၊ နောက်ဆို အမြင်မတော်ရင်သင်ပေးလေ။ ကျနော်က brightဖြစ်တယ်။ "

" မင်းက မိသားစုကြီးရဲ့သခင်လေးတစ်ယောက်လို့တောင်မထင်ရဘူး၊ ကိုယ်တွေ့ဖူးသမျှ တစ်ယောက်နဲ့မှကို မတူနေတာ။ "

" တစ်မိုးအောက်တစ်ယောက်ဖွားလေးလေ မမိုက်ဘူးလား။ "

Jungkookအချိန်ကိုကြည့်လိုက်သည့်အခါ သူmeetingတစ်ခုတက်ရမယ့် အချိန်ဖြစ်နေသည်။ဒါပေမယ့်လည်း ဒီစတော်ဘယ်ရီသီးလေးနားကမခွာချင်သေး ၊ အသက်30ကာလလောက် အသက်ရှင်လာသမျှ သိဖူးတတ်ဖူးတဲ့ ညာဏ်နီဉာဏ်မဲ များနှင့် ဘယ်လိုဧည့်သည်လုပ်ရမလဲ တွေးလိုက်သည်။

သို့သော် သူ‌လမ်းဖောက်စရာပင်မလိုခဲ့ပါ၊ ဘာလို့ဆို တစ်ဖက်လူက ကဝေကလေးJimin Parktersonလေ။

[JIMIN PARKTERSON @AOB]Where stories live. Discover now