🍓13🍓

3.7K 397 28
                                    

Unicode...

တစ်ပတ်လုံးမျှော်လင့်ထားခဲ့ရတဲ့ short tripက ကြုံလာရတဲ့အချိန်မှာတော့ Parktersonလေးဟာ ဆူပုတ်ပုတ်။

" lovely Jeon သိပ်မချစ်တော့သလို အသည်းခံစားမိနေသလိုဘဲ "

" ချစ်ပါတယ် ကိုယ်က "

" limited edition alphaကြီးဆိုတော့ ကြိုက်တဲ့လူတွေကလည်း များမှာပေါ့လေ "

လေသံကတော့ ပုံမှန်low keyလေးဘဲ ဒါပေမယ့် အဲ့အသံသေးသေးလေးထဲမှာမြုပ်ထားတဲ့ bombက ထိမိရင် ကောင်းကင်နှစ်ခြမ်းကွဲနိုင်တယ်၊ Parktersonလေးနဲ့တွဲရပြီဆိုတည်းက သူ့မှာအသံနေအသံထားကအစ မျက်နှာအမူအရာလေးတွေပါ လိုက်မှတ်ပြီး ချော့သင့်ရင်ချော့ ဆူသင့်ရင်ဆူရတာဘဲ။ အရမ်းအရမ်းငယ်တဲ့ကလေးလေးဆိုတော့ အစစအရာရာ ဂရုစိုက်မှ relationshipက မြဲမယ့်သဘော။

" မင်းတစ်ယောက်ဆိုမှ တစ်ယောက်တည်း "

လွန်ခဲ့တဲ့ တစ်ပတ်အတွင်း companyရဲ့အရေးကြီးတဲ့ ကိစ္စတွေကိုကိုင်တွယ်နေရပြီး ဒီomegaလေးကိုပစ်ထားမိတဲ့အပြင် partyတစ်ခုမှာလည်းအစ်ကိုတွေနဲ့တူတူလိုက်လာတဲ့ ကလေးလေးက သူ့နားဝိုင်းနေတဲ့ လူတွေကိုကြည့်ပြီး နှုတ်ခမ်းတထော်ထော်ဖြစ်နေသည်မှာ လက်ရှိအချိန်ထိ။

" ကျနော့်တစ်ယောက်တည်းချစ်ရမှာနော် "

" ဘာလို့လဲ အချစ်တွေကအရမ်းများတော့ ကိုယ်ကအသည်းပိကုန်မှာစိုးတယ် "

" အချစ်တွေများလို့ပိပြီး ပြားသွားသွား အရည်ပျော်သွားသွား ရတယ်၊ ကျနော်ကိုဘဲ အကုန်ချစ်။ "

ကား steeringပေါ်က လက်တစ်ဖက်နဲ့ Parktersonလေးပါးလေးကို ဖွဖွပွတ်သပ်ပေးလိုက်တော့ မျက်လုံးလေးလှန်ကြည့်ကာ လက်ဖဝါးထဲမျက်နှာတိုးဝှေ့လာပြီး အသံမြည်အောင်လက်ဖဝါးကိုနမ်းသည်။

လက်ဖဝါးထက်က နှုတ်ခမ်းဖောင်းဖောင်းလေးရဲ့ အတွေ့ကြောင့် ရင်တွေခုန်သွားရတော့သည်။

" မချစ်တော့မှာစိုးလို့ ဝမ်းနည်းနေတာလား ကိုယ့်အသည်းက "

" အွန်း ကျနော်ကအများကြီးချစ်နေလို့ တကယ် သေးသေးလေးတောင်အချစ်လျော့သွားမှာ ကြောက်တယ် "

[JIMIN PARKTERSON @AOB]Where stories live. Discover now