🍓19🍓

3.4K 342 37
                                    

" Janမွေးနေ့မလို့ပါ သွားပါရစေနော် "

" ကိုယ်ဒီနေ့အရေးကြီးလုပ်ငန်းကိစ္စရှိတယ် မင်းနဲ့မလိုက်ပေးနိုင်လို့ ပြောနေတာ "

" အဲ့တာကြောင့် တစ်ယောက်တည်းသွားပါ့မယ်ပြောနေတာလေလို့ မကဲဘူးမကဲဘူးအတည်ပြောတာ ..နော် နော်လို့ "

" စိတ်မချဘူး "

" ပုံမှန်လိုပါဘဲ အရင်ကလဲ သွားနေကြပါ lovely Jeonရဲ့ "

" အရင်က မင်းမှာကိုယ်မရှိဘူး ရှိခဲ့ရင်လဲစိတ်မချဘူးဘဲ "

" ဘယ်လိုကြီးလဲ ချစ်ချင်စရာမကောင်းအောင် လူကPark SoeJoon Datingထွက်လို့ ဘူနေတာနော် တကယ်စိတ်မချစရာဘာမှမလုပ်ပါဘူးဆိုနေမှ ရစ်လိုက်တာ တအားဘဲ "

Jiminမှာ ရည်းစားသက်တမ်းကြာလာလေ lovely Jeonတစ်ယောက် ပိုကြပ်လာတယ်ခံစားလေပင်။

ခြေဖဝါးတစ်ဖက်ဆောင့်လို့ လေသံကမပျော့ပျောင်းတော့ ၊ ဒါနောက်ဆုံး warning။

" မချစ်တော့ဘဲနေပြီနော် ရတယ် အဲ့လိုဆက်လုပ်နေ ဒီမှာဝိုင်းဝိုင်းလည်နေတာ ဝိုင်းကြီးလား ဝိုင်းသေးလား ကြိုက်တာရွေးဘဲ "

" Jimin Parkterson "

" 9:00နာရီ အိမ်ပြန်အရောက် ဟုတ်ပြီလား? စမှာက 8:00 စိတ်မချရင် အိတ်ကပ်ထဲထည့်ခေါ်သွားရမလား? "

" ပြောမရဘူးလား "

" ဒီလောက်ဘဲ ထပ်‌မ‌ေလျှာ့ဘူး "

" ရောက်ရင်ဖုန်းခေါ်  အိမ်ပြန်ရင်လာကြိုမှာ no boy no sexy no pretty no alcoh.. "

" ဘာ no noလဲ yes alcohol "

စူပုပ်နေတဲ့ စတော်ဘယ်ရီလေးရဲ့ new colourအနီရောင်ဖျော့ဖျော့ဆံပင်လေးတွေကို နားရွက်ဖြူဖြူလေးနောက်သပ်ပေးလိုက်ပြီး ပါးလေးကိုဆွဲကာ ခပ်ဖွဖွနမ်းလိုက်သည်။

" နည်းနည်းဘဲ "

ချော့မော့နည်းတွေက အလွယ်လေးဘဲ ဒီလိုကတောက်ကဆဖြစ်ပြီးရင် ဖွဖွလေးသာတမြတ်တနိုးနမ်းလိုက် Parktersonလေးရဲ့ စူပုပ်နေတဲ့မျက်နှာလေးလည်း ပြုံးတုံ့တုံ့ဖြစ်သွားတာဘဲ။

" လိုက်ပို့ပေးမယ် အရမ်းကြီးမလှနဲ့ "

" အဲ့ဒါတော့အာမမခံဘူး မွေးတည်းကဖုံးမရဖိမရလှတာ မနာလိုတာလား "

[JIMIN PARKTERSON @AOB]Where stories live. Discover now