🍓7🍓

4.5K 540 57
                                    

UNICODE...

" အဝတ်အစား အပိုပါတယ်မလား? "

" မေ့သွားပြီ "

" ကိုယ်ယူလာခိုင်းလိုက်မယ် "

omega‌လေးရဲ့နာခေါင်းက‌လေးကို အသားလေးဖျစ်လိုက်ပြီး ဖုန်းထုတ်ကာ အဝတ်တစ်စုံစီစဉ်ပြီးယူလာဖို့ခိုင်းလိုက်သည်။

" ခဏဘဲ ရေဆော့ရမယ် "

" အွန်း သိပြီ "

" စိတ်ဆိုးနေတုန်းလား? "

အကြောင်းမှာ မနေ့ကစားသောက်ဆိုင်ကအပြန် လမ်းတွင်သူ့ companyမှအမျိုးသမီးဝန်ထမ်းတစ်ယောက်ကိုတိုက်တိုက်ဆိုင်ဆိုင်တွေ့ရတော့သည်။‌ထက်ထက်မြက်မြက်လည်းရှိတာကြောင့် မျက်မှန်းတန်းမိနေကာ ချက်ချင်းသိလိုက်ခြင်းပင်။ထိုအမျိုးသမီးမှာ ကားပျက်နေပုံရပြီး အကူအညီတောင်းလာချေတော့သည်။ အလုပ်ရှင်တစ်ယောက်အနေနဲ့ လျစ်လျူရှုဖို့လည်းမဖြစ်နိုင်တာကြောင့် ကားတစ်စီးဖုန်းဆက်ခေါ်ပေးကာထိုကားမရောက်မချင်းစောင့်ပေးဖြစ်ခဲ့သည်။ အဲ့နောက်တော့ ကားပေါ်ကက‌လေး‌လေးက တစ်လမ်းလုံးဆူပုတ်ကာ သူ့ကိုစိတ်ဆိုး‌လို့နေချေတော့သည်။

အမှန်တော့ ဒီ‌ကလေးလေးစိတ်ဆိုးမည်ဆိုးလို့တောင် ကားတစ်စီးသက်သက်ခေါ်ခဲ့ပေးသည်ကို စောင့်ပေးလို့ဆိုတာလေးနဲ့ မနာလိုအူတိုနေပြန်သည်။Jungkookမှာ အိမ်ရှေ့ချပေးခံလိုက်ရပြီး နှုတ်တောင်မဆတ်လိုက်ရပါတော့ချေ။ ယနေ့ညတောင် ထိုကလေးလေးကိုအိမ်ထိလိုက်ခေါ်ပြီး ကားပေါ်ဆွဲလာ၍သာ၊ စိတ်ကတော့အတော်လေးကြီးသည်။

" ကျနော့်မှာ စိတ်ဆိုးပိုင်ခွင့်မရှိမှန်းသိပါတယ် "

" မဟုတ်ပါဘူး စိတ်ဆိုးပါရတယ် "

" ‌အင်း "

ဒီကလေးလေးရဲ့အကျင့်တွေက မပြောင်းလဲ၊ သူ့ပိုင်သည် သူသဘောကျသည်ဟူသော အရာဆိုပိစိလေးကတည်းက သူများထိတာကိုင်တာကိုအရမ်းဒေါသထွက်တတ်သည်။ ယခုလည်း ထိုနည်း၎င်း။

" ဒီည ကိုယ့်အနားဘဲနေမယ်မလား "

" ... "

" ကိုယ့်ပါတနာအဖြစ်နဲ့လာချင်တာဆို "

Partyသည် အနုပညာရှင်ကြီးတစ်ယောက်ရဲ့ စေ့စပ်ပွဲပါတီဖြစ်လေသည်။ထို့ကြောင့် အနုပညာအသိုင်းအဝိုင်းထဲက ငယ်ငယ်ရွယ်ရွယ်အလှလေးများalpha beta omegaတစ်နေရာတည်းစုံ‌နေတော့သည်။

[JIMIN PARKTERSON @AOB]Where stories live. Discover now