🍓11🍓

4.3K 442 46
                                    

Unicode....

ယနေ့ ရာသီဥတုသာယာမည်။

Jimin Parktersonလေး ချစ်စရာကောင်းလွန်း၍ ဖြစ်သည်။

" ခင်ဗျားက ဥက္ကဌအဖြစ် ရာထူးဆက်ခံ‌တော့မယ်ဆို အရေးကြီးဆုံးက ဝန်ထမ်း‌တွေရဲ့ရင်ထဲမှာ အမြင်ကောင်းတွေရှိနေဖို့ဘဲ "

ထို အမြဲတမ်း မျက်နှာသေကြီးဖြစ်နေတဲ့ alphaကြီးအား ပါးနှစ်ဖက်ကိုလက်ဖြင့်ပင့်ကာ ချော့မြူဟန်လေးပေါက်အောင် ပြောလိုက်သည်။

" ဘာလို့ အမြဲ24/7 ဒီလိုချစ်စရာရုပ်ကြီးလုပ်နေရတာလဲ? အဲ့ဒါမှတော့ လူတွေအကုန်ကြောက်ကုန်ကြပြီ "

" ကိုယ်က ကြောက်စရာကောင်းလို့လား "

" ဟင့်အင်း ကျနော့်ဘဲကြီးကတအားဘဲမိုက်တာ "

" စကားတတ်တယ် "

Jungkookမှာ ပြုံးတယ်ဆိုရုံလောက်လေး ဆိုပေမယ့် ဤသည်ကသူသဘောကျနှစ်သက်လွန်းတဲ့အခါ ထွက်လာတတ်တဲ့ အပြုံးလေးဖြစ်မှန်း အလည်ကလေးParktersonက အတပ်သိသည်။

" စောနကပြောတာကို မေ့လိုက်တော့ ၊ နေ့တိုင်း အဲ့လိုသာပြုံးပြနေရင် လူတွေကြိုက်ကုန်မှာ။ ဒီကြည့်ကောင်းလွန်းနေတဲ့မျက်နှာကြီးကိုဘဲ အပြစ်တင်ရမှာဘဲ။ "

omegaလေးသည် Isolatorကပ်ထားတာလေးကို ခွာလိုက်တဲ့အခါ အဲကွန်း‌ကလေအေးများက သူ့glandများကို ရိုက်ခတ်လာတော့သည်။ အေးခနဲဖြစ်သွားတဲ့ ခံစားချက်နဲ့အတူ လွတ်လပ်သွားသလိုလည်း ခံစားလိုက်ရသည်။

Isolatorကိုအမြဲကပ်ထားခြင်းကမကောင်းပေ၊ ဂလင်းများအား အပူလောင်သကဲ့သို့ဖြစ်စေပြီး pheromoneရနံ့များကို ချုပ်‌နှောင်ပြီးပိတ်ပင်ထားသလိုဖြစ်နေတတ်သည်။ Jiminသည်isolatorကပ်ရတာကို သဘောမကျပေ၊ သူ့ရနံ့က စတော်ဘယ်ရီကိုတစ်ဆင့်,ဆင့်ကဲပြောင်းလဲထားပြီးနောက် ခရင်မ်နံ့ခပ်ပါးပါးရောယှက်နေကာ ချိုချိုလေးဖြစ်နေမှာဟု တွေးထင်စေတတ်သည်မျိုးဖြစ်သည်။ အရည်ရွှမ်းရွှမ်း နီရဲတောက်ပနေတဲ့ စတော်ဘယ်ရီသီးကလေးတစ်လုံးလို Parkterson လေးရဲ့ သွင်ပြင်နဲ့ရနံ့တို့မှာ ကိုက်ညီတာထက်ကိုပိုပါသည်။

" Jungkook Edwards-Jeon "

" အင်းးး "

လည်ချောင်းသံဖြင့် သံရှည်ဆွဲကာ ထူးလာလေသည်။

[JIMIN PARKTERSON @AOB]Where stories live. Discover now