🍓17🍓

3.2K 341 28
                                    

Unicode....

Edwards-Jeonမိသားစုက အဘိုးလက်ထက်မှာ တော်တော်များများချဲ့ထွင်လာနိုင်ခဲ့ပြီး အင်အားကြီးလာတာဖြစ်သည်။ တစ်ချိန်ကစီးပွားရေးဧကရာဇ်ကြီးရဲ့ မွေးနေ့ပွဲဖြစ်တာကတစ်ကြောင်း ၊ ဆက်ခံသူအသစ်လွှဲပြောင်းမည်ကတစ်ကြောင်း  ၊ စီးပွားရေးနယ်ပယ်တစ်ခုလုံးဖြင့် သိုက်သိုက်မြိုက်မြိုက်။

" မြေးက တကယ်အလားအလာရှိတဲ့လူငယ်လေးဘဲ ၊ သားကအနားယူသွားပြီဆိုတော့ မိသားစုတစ်ခုလုံး ဘယ်သူများထိန်းသိမ်းမလဲတွေးနေတာ ဒီလိုအဖိုးတန်မြေးလေးကို ဖွက်ထားတယ်ပေါ့လေ ။ "

" အဲ့ကောင်စုတ်လေးကြောင်းပြောမနေပါနဲ့ အမွေပေးမယ်ဆိုမှဘဲ ပြန်လာတယ် "

" နာမည်ကJungkook Edwards-Jeonနော် မြေးကချစ်သူရည်းစားတွေရော ရှိပြီလား "

အသိုင်းအဝိုင်းထဲက ရွယ်တူomegaမြေးလေးများရှိတဲ့လူတွေကလည်း ငယ်ငယ်ရွယ်ရွယ်လူငယ်လေးအား ကိုယ့်ဖက်ဆွဲထားဖို့ရာ မသိမသာကြောင်းလှမ်းကြသည်။ ပွဲမှာလဲ omegaငယ်လေးတွေက ခပ်များများ။

" အေး အေး အဲ့ဒါပြောရအုံးမယ် ဒီပွဲတစ်ခုလုံးကိုငါ့မြေးချွေးမလေးစီစဉ်ပေးထားတာလေ ၊ ကလေးက သိတတ်လိုက်တာလဲပြောမနေနဲ့ လိမ္မာရေးခြားလဲရှိသေးတာ ။ အိမ်ထောင်တစ်ခုကိုကောင်းကောင်းကိုင်တွယ်နိုင်မှာ သေချာတယ်လေ ငါကိုတောင်လာတွေ့ပြီးသွားပြီ။ "

" congratulationsလုပ်ဖို့ စောင့်နေမယ် Mr.Edwards-Jeonရေ "

Jungkookဟာ ဝိုင်နီတစ်ခွက်ကိုင်ပြီး လာသမျှလူကို နှုတ်ဆတ်နေရသည်။ လုပ်ငန်းရှင်အဘိုးကြီးတွေနဲ့ စီးပွားရေးကြောင်းပြောရတာထက် သူတို့မြေးတွေကို အတင်းထိုးပေးနေကြတာက စိတ်ညစ်ဖို့ကောင်းလွန်းသည်။

" hyung ပင်ပန်းနေပြီလား "

" အမ်း နည်းနည်းပေါ့ "

Edwards-Jeonမိသားစုက လူငယ်alpha‌လေးတွေက ထက်မြက်ပြီး ကြည့်ကောင်းကြတယ်ဆိုတဲ့ မှတ်ချက်တွေသည် Jungkookနှင့် Kanအတူရပ်လိုက်သည့်အခါ ပိုပေါ်လွင်လာတော့သည်။

" ဒုတိယဦးလေး မင်းအဖေရော မလာဘူးလား? "

" သူက hyungရဲ့နေရာကိုမကျေနပ်နေတာလေ ဘယ်လာမှာလဲ ၊ ကျနော်ကတော့တည့်တိုးဘဲပြောတတ်တယ်နော်။ "

[JIMIN PARKTERSON @AOB]Where stories live. Discover now