🍓4🍓

4.8K 495 88
                                    

Unicode...

" Hello အန်တီ "

" သားကမအားနေတာနဲ့ ဖုန်းမဆက်ဖြစ်တာ၊မင်းပို့လိုက်တဲ့ ဆီးချိုတွက်ဘီစကစ်ကိုလေ မင်းဦးလေးတော်တော်ကြိုက်နေတာ ကျေးဇူးတင်လိုက်အုံးချည်းဘဲ။ "

" အဲ့ဒါဆို ကျနော်အရသာစုံတာလေးထပ်ဝယ်ပြီး ပို့ပေးအုံးမယ်။ဦးလေးသဘောကျရင် ကျ‌နော်က‌ကျေနပ်ပါတယ်။ "

တစ်ဖက်က နူးညံ့ပုံပေါ်ပါတဲ့ omegaအမျိုးသမီးသည် အားတက်သရော ပျော်ရွှင်စွာစကားပြောနေတော့သည်။

" မင်းကမှ ဖုန်းလေးဘာလေးဆက်ပုံပေါ်သေး သားရယ်၊ အိမ်ကအဆိုးအ‌ပေက‌တော့ အန်တီကဆက်တာတောင်ကိုင်ချင်မှကိုင်တာ။ "

" jiminက ကျနော့်အထင်တော့ မဆိုးပါဘူး၊ သူက ... " Jungkookတ‌လောကညက ငမူးလေးအကြောင်းတွေးမိတော့ နှုတ်ခမ်းတို့မထိန်းနိုင်စွာ ကွေးတက်သွားမိတော့သည်။

" သူက ကလေးလေးဘဲရှိသေးတာ "

" သားကို‌တကယ်အားနာတယ် အဲ့ကလေးဆိုးလေးကို မင်းဆီပို့ရတာလည်းအာလူးပူကြီးကိုင်ထားရသလိုဖြစ်နေမှာ၊ အဆင်ရောပြေတယ်မလား။ "

တစ်ဖက်က နူးနူးညံ့ညံ့အမျိုးသမီးကြီးသည် အသေအချာပင် Jimin Parktersonရဲ့အမေပင်ဖြစ်သည်။

" ဖြစ်နိုင်ရင် အန်တီတို့အိမ်က အဲ့ဒီ့အဆိုးတကာ့အဆိုးဆုံးဂေါ်ဖီထုတ်ကို အမြန်သာတူးစေချင်နေတာ "

ဝက်ကြီးjungkookမှာမူဂေါ်ဖီထုတ်ကလေးကို တစ်ဖတ်ချင်းသာ ခွာလို့ဆော့ကစားလို့ မဝသေးပုံ။

" သူကငယ်သေးတော့ ရုတ်တရတ်ကြီး အန်တီနဲ့‌မေမေစီစဉ်လိုက်မယ်ဆို ငိုနေလိမ့်အုံးမှာ၊ ကျနော်သေသေချာချာကိုင်တွယ်လိုက်ပါ့မယ် မစိုးရိမ်ပါနဲ့။ "

" သားလည်း အဲ့ကလေးကို အရမ်းအလိုမလိုက်နဲ့ တစ်ခုခုဆို ဆူသာဆူချည်။ "

" ကလေးလေးဆိုတော့လည်း ချော့တစ်ခါခြောက်တစ်လှည့်ပါဘဲ။ "

Parkterson နှင့် Edwards-Jeon မိသားစုကြီးနှစ်ခုသည် စီးပွားရေးအရရော လူမှုရေးအရရော ရင်းနှီးကျွမ်းဝင်ခဲ့ကြတာ jimin Parktersonကလေးမမွေးခင်တည်းကပင်။

[JIMIN PARKTERSON @AOB]Where stories live. Discover now