🍓2🍓

5.5K 677 101
                                    

Unicode...

strawberryရနံ့တို့ သင်းပျံ့လှိုင်နေပါသော အခန်းငယ်အတွင်း၌ တိတ်ဆိတ်‌လို့နေသည်။ အသက်ရှူသံညင်းညင်းက တစ်ခုတည်းသော အသံ။

" ဟူး "

Jimin သက်ပြင်းချလိုက်ပြီး လက်ထဲကဖုန်းကို ငုံ့ကြည့်လိုက်သည်။ ဖုန်းနံပါတ်လည်းရပြီဆို‌တော့ကာစာပို့ရမယ်လေ၊ဘယ်စာကို ဘယ်လိုပို့ရမလဲ။

" မထူးတော့ပါဘူး တွေဝေနေတာငါ့styleမှမဟုတ်တာ။ "

ဖုန်းခေါ်မည်ကို နှိပ်လိုက်ကာ တီတီတီဆိုတဲ့အသံနဲ့တူနှလုံးသားက မသိမသာအခုန်မြန်လာသည်။

" Hello "

" Hello Mr.jungkook "

" ဘယ်သူပါလဲ "

" Jimin Parkterson "

" ‌oh jimin shi ဘာကိစ္စရှိလို့များပါလိမ့် "

" ... "

ဘာကိစ္စရှိရမလဲ ချစ်ချင်နေတဲ့ကိစ္စပေါ့!

" hello "

" အာ ဟုတ်၊ ကျနော်အမေကလေ ကြင်ဖက်တွေ့တဲ့ကိစ္စကိုပြဿနာရှာနေလို့ရယ်။ "

" ကိုယ် ကိုယ့်အမေကိုသေချာပြောခဲ့ပြီးပါပြီ။ "

" ဒါပေမယ့် ကျတော့်အမေက သွားမတွေ့ဘူးထင်ပြီးဆူနေတာအမွေတောင်ဖြတ်လုနီးဘဲ ... Mr.Jungkook ရဲ့အမေကမပြောဘူးထင်ပါ့၊ဘဝလေး‌တော့ပျက်ပါပြီ။ "

လေထဲရှိခြေထောက်ဖွေးဖွေးရဲရဲခေးနှစ်ဖက် လှုပ်လီလှုပ်လဲ့၊ အိပ်ယာထက်ကomegaလေးက မွေ့ယာထဲနစ်နေကာ ဘောင်းဘီတိုလေးကြောင့် လုံးလုံးလေးဖြစ်နေတဲ့စတော်ဘယ်ရီသီးလေးက အသည်းယားစရာအတိပင်။ ဖုန်းကိုနားနားကပ်ပြီး နှုတ်ခမ်းတထော်ထော်ဖြင့် ပလီပလာလုပ်နေတဲ့မြင်ကွင်းက ဘယ်alphaများတောင့်ခံနိုင်မလဲလေ။

" ကိုယ်ကူညီနိုင်မယ့်အရာများရှိမလား၊ ဘာဘဲဖြစ်ဖြစ်ဒါကိုယ့်ကြောင့်လည်း ပါတယ်မဟုတ်လား။ "

" အဲ့တာ Mr.jungkookနဲ့တစ်ခါလောက်ထပ်တွေ့ ကြရအောင်လေ၊ မေမေကအခုအသေဆူနေတာ။ "

" အော် "

Jungkookသည် ထိုomegaလေးအကြောင်းသာမသိလျှင် ထိုငိုမဲ့မဲ့ဝမ်းနည်းတကြီးအသံလေးကို ယုံစားမိလောက်သည်။ ဘယ်သူက ဒီဟာလေးကအသက်ပြည့်ပြည့်ပြီးချင်းဘဲ မိသားစုထဲကတစ်ယောက်ကိုမှမပြောဘဲ ကမ္ဘာတစ်ဖက်ခြမ်းကိုတစ်ယောက်တည်းထွက်သွားတဲ့ ကလေးလေးလို့ယုံကြပါ့မလဲ။

[JIMIN PARKTERSON @AOB]Where stories live. Discover now