🍓16🍓

3.2K 356 22
                                    

Unicode...

" Kan မင်းပြောတဲ့တစ်ယောက်ကလေ Parktersonမိသားစုက တစ်ဦးတည်းသောomegaလေး ၊ တလောကမှပြည်ပကပြန်လာတာ အရေးကြီးဆုံးအချက်ကတော့ သူကမင်းမရီးတဲ့ ဟေ့ကောင် ။ "

" ... ဘာဖြစ်လဲ အဲ့တော့ "

နှုတ်ခမ်းကိုမဲ့ကာ အရက်ခွက်လေးကို လှုပ်ယမ်းပြီး မပီမသကိုးရီးယားစကားသံသည် omegaလေးတွေ ကြွေခဲ့ရတဲ့အဓိကအချက်။ ငယ်တယ် မိုက်တယ် လန်းတယ် ရေရှိတယ်။ kanက ဘယ်တုန်းကမှ ‌ရည်းစားသညာကိစ္စတွေမှာ မြဲတာမျိုးမရှိခဲ့ ၊ ချောတာ လှတာမြင်ရင် အမြဲချစ်မိနေတာဘဲ။

" မင်းမရီးပါဆိုကွာ မင်းအစ်ကိုကတကယ်omegaလေးကိုပိုင်နိုင်တာတော့မပြောနဲ့ အသေအုပ်ထားတာ "

" မင်းကဘယ်လိုသိတာလဲ "

" ငါ့ရည်းစားကောင်လေးက သူ့သူငယ်ချင်းလေ ၊ တစ်ခါက ကလပ်မှာမင်းအစ်ကိုလိုက်လာလို့တောင် တန်းပြီးထသွားတာတဲ့ ။ "

အချစ်အကြောင်းလေးတွေကတော့ မွှန်ထူနေတာဘဲ ၊ အမှန်တိုင်းပြောရရင် jiminက သူ့typeပုံစံလေး မြင်မြင်ချင်းobsessedဖြစ်သွားစေခဲ့တာ။ ဒါပေမယ့် သူကဘဲကံဆိုးလွန်းတာလား hyungကဘဲ ကံကောင်းလွန်းနေတာလား မသိဘူး ၊ ငယ်ငယ်တည်းက ဘယ်အရာမဆို hyungက သူ့ထက်သာနေပြီး သူထက်ဦးသွားတဲ့အရာတွေချည်းဘဲ။

" မင်းမှာပေါပါတယ်ကွာ သူက.. "

" သွားမရှုပ်နဲ့တော့ ငါမင်းကိုတလောကပြောထားတဲ့ modelလေးနဲ့မိတ်ဆတ်ပေးမယ် အဲ့ကောင်လေးကလဲမင်းကိုစိတ်၀င်စားနေတာ "

ဘော်ဒါတစ်သိုက်ရဲ့ စကားသံတွေလည်း သူမကြားတော့ ၊ ဘယ်လိုလေးများ jiminကြိုက်တတ်မလဲတွေးနေမိသည်။

" ငါပြန်ပြီ နောက်မှတွေ့မယ် "

ဒီချိန်ဆို hyungရဲ့ ရုံးမှာဘဲ ရှိလောက်မည်။ cakeဆိုင်တစ်ခုသို့မောင်းကာ romanticဆန်ဆန် pink colour strawberry cream cakeလေးတစ်လုံးမှာလို့ အပွင့်ပေါင်း99ပွင့်နှင်းဆီပန်းစည်းနှင့်အတူ deliveryပို့ခိုင်းလိုက်သည်။

note cardလေးတွင် မူ
*strawberry pheromone ရနံ့ ownerလေးတွက် strawberry cakeကလေးပေါ့ *
ဟု ခပ်သော့သော့ချရေးပေးလိုက်သည်။

[JIMIN PARKTERSON @AOB]Where stories live. Discover now